နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အေစီမီလန်က သာမန် အဆင့်နဲ့ ကျေနပ်ရမယ့် အသင်း မဟုတ်ဘူး ဆိုတဲ့ လူကာ မိုဒရစ် | စီးရီးအေ

အေစီမီလန် ကွင်းလယ် ကစားသမားသစ် လူကာ မိုဒရစ် ကတော့ သူ့အနေနဲ့ အသက်အရွယ်ကြီးနေပေမယ့် ဘောလုံး ကစားခြင်း ကနေ အနားမယူသေးတဲ့ အကြောင်းရင်းကို ဖွင့်ဟလာခဲ့ပါတယ်။ လူကာ မိုဒရစ်ဟာ ဒီနွေရာသီမှာ ကာလရှည်ကြာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီး စီးရီးအေ ကလပ် အေစီမီလန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ် ကျော်ပြီ ဖြစ်တဲ့ ခရိုအေးရှား ဝါရင့်ကွင်းလယ် ကစားသမားက သူ့အနေနဲ့ ဘောလုံး ဆက်ကစားနေခြင်းဟာ ဘောလုံး အပေါ်မှာ ချစ်မြတ်နိုးမှုကြောင့် ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မိုဒရစ်ဟာ စီးရီးအေ ကလပ်နဲ့ တစ်နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ နောက်ထပ် တစ်နှစ် သက်တမ်း ထပ်တိုးနိုင်မယ့် သဘောတူညီချက်လည်း စာချုပ်ထဲမှာ ပါဝင်ကြောင်း သိရပါတယ်။

ဘယ်လွန်ဒေါဆုရှင်ဟောင်းဟာ ရီးရဲလ်မက်ဒရစ်မှာ ၁၃ ရာသီကြာ ကစားခဲ့ပြီးနောက် လာလီဂါ ကလပ်နဲ့ အတူ အမြင့်ဆုံး ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အေစီမီလန် ကတော့ ပြီးခဲ့တဲ့ ရာသီက အဆင့် ၈ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့တာကြောင့် မိုဒရစ် အနေနဲ့ သူ့ရဲ့ အသင်းသစ်နဲ့ အတူ ဥရောပပြိုင်ပွဲ ကစားခွင့်ရမှာတော့ မဟုတ်ပါဘူး။ ဒါဟာ မိုဒရစ် အတွက် နှစ်ပေါင်း များစွာ အကြာမှ ပထမဦးဆုံး အကြိမ် အဖြစ် ဥရောပ ထိပ်တန်း ပြိုင်ပွဲတွေနဲ့ လွဲချော်ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိုဒရစ် ကတော့ သူ့ အနေနဲ့ ဘာကြောင့် ဘောလုံး ဆက်လက် ကစားနေသလဲ ဆိုတာနဲ့ ပတ်သတ်လို့ မီလန် တီဗီကို အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော့် အတွက် အရေးကြီးဆုံးအရာက ချစ်မြတ်နိုးမှုပါပဲ။ ဘောလုံးနဲ့ ကစားပွဲ အပေါ် ကျွန်တော့်ရဲ့ ချစ်မြတ်နိုးမှုကြောင့် ဒီအသက်အရွယ် အထိ ဆက်ကစားနေတာပါ။ အဲဒီ ချစ်မြတ်နိုးမှုက ကျွန်တော့်ကို အလုပ်ကြိုးစားအောင်၊ အကောင်းဆုံး ပြင်ဆင်နိုင်အောင် တွန်းအားပေးနေတာပါ။ ကျွန်တော့် အနေနဲ့ ဒီအသက်အရွယ် အထိ ဘောလုံးကစားနိုင်တာ ဘောလုံးအပေါ် ချစ်မြတ်နိုးမှုကြောင့်ပဲ ဖြစ်ပါတယ်။” လို့ မိုဒရစ်က ပြောကြားသွားပါတယ်။

မိုဒရစ်ဟာ စီးရီးအေ ကလပ်နဲ့ တစ်နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီးတော့ နောက်ထပ် တစ်နှစ် သက်တမ်း ထပ်တိုးနိုင်မယ့် သဘောတူညီချက်လည်း စာချုပ်ထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
အေစီမီလန်ကို ငယ်ငယ်ကတည်းက အားပေးခဲ့တယ် ဆိုတဲ့ လူကာမိုဒရစ်

မိုဒရစ်ဟာ အေစီမီလန်မှာ ကျောနံပါတ် ၁၄ ကို ဝတ်ဆင်သွားမှာ ဖြစ်ပြီး အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ “မီလန်က သာမန် အဆင့်နဲ့ ကျေနပ်နေရမယ့် အသင်း မဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ အကြီးမားဆုံး ပန်းတိုင်တွေ ရှိဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော် ဒီကို ရောက်လာတာပါ။ ကျွန်တော် ကြီးပြင်းလာချိန်မှာတော့ ကျွန်တော်ဟာ အီတလီလိဂ် ပြိုင်ပွဲတွေ အများကြီးကို ကြည့်ရှုခဲ့ဖူးပြီး မီလန် ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံး အသင်းပါ။ ခရိုအေးရှားမှာတုန်းက ကျွန်တော်တို့ မီလန်ကို အရမ်း အားပေးခဲ့ပါတယ်။ ဒီကလပ်က ကမ္ဘာပေါ်က ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းပါ။ နောက်ပြီး ကျွန်တော့်ရဲ့ idol ဖြစ်တဲ့ ဇီဗိုနီမီယာ ဘိုဘန်လည်း ကစားခဲ့လို့ပါ။”

“ကျွန်တော် ဥရောပမှာ ဆက်နေချင်တယ်၊ ပြိုင်ဆိုင်မှု ရှိတဲ့ ဘောလုံးကို ဆက်ကစားချင်တယ်။ ကျွန်တော် တခြား ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် မီလန်က ကျွန်တော့် အတွက် ပထမဦးဆုံး အခိုက်အတန့် ကနေ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

အေစီမီလန် ကတော့ ပြီးခဲ့တဲ့ရာသီက ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ ဆာဂျီယို ကွန်စီကာအိုရဲ့ နေရာမှာ မက် အယ်လီဂရီနဲ့ ပြန်လည် ခန့်အပ်ခဲ့ပြီး လာမယ့် ရာသီမှာ အကောင်းဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်နေတာပါ။ အယ်လီဂရီဟာ ၂၀၁၁ ခုနှစ်မှာ အေစီမီလန်နဲ့ အတူ စီးရီးအေ ချန်ပီယံဆုကို ရယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီသား ဂျူဗင်တပ်စ် ကို ၂၀၁၅ ကနေ ၂၀၁၉ ခုနှစ် အထိ ၅ ကြိမ် ဆက်တိုက် ချန်ပီယံဆု ရယူပေးခဲ့တဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

နောက်ဆုံး မှာတော့ မိုဒရစ်က “ကျွန်တော် ယူဆောင်လာချင်တာက နိုင်ပွဲတွေပါ။ အသင်းဖော်တွေကို ကဏ္ဍပေါင်းစုံမှာ ကူညီပေးဖို့၊ အလုပ်ကြိုးစားဖို့နဲ့ အသင်းမှာ နေရာ ရရှိဖို့ပါပဲ။ ခင်ဗျားရဲ့ ဘဝမှာ ဘယ်အရာမှ လွယ်လွယ်နဲ့ မရဘူး။ အလုပ် လုပ်ရမယ်။ တိုက်ပွဲဝင်ရမယ်။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်