နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးဟာ လာမယ့် ရာသီ ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ အလန်ရှီးယားက | ပရီးမီးယားလိဂ်

နယူးကာဆယ် ဂန္ထဝင် တိုက်စစ်မှူးကြီး အလန်ရှီးယား ကတော့ ချဲလ်ဆီး အနေနဲ့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ လက်ရှိမှာ ဘောလုံး ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ အလန်ရှီးယားက ချဲလ်ဆီးရဲ့ လက်တလော အဘက်ဘက် အောင်မြင်မှုတွေကြောင့် လာမယ့် ရာသီမှာ အောင်မြင်မှု ရရှိလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ နည်းပြ အန်ဇို မာရက်စကာနဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရာသီမှာပဲ Top 4 ဝင်ခွင့် ရရှိခဲ့သလို၊ ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုတွေကို ရယူထားနိုင်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက တစ်ပွဲထက် တစ်ပွဲ ပိုတည်ငြိမ်တဲ့ ခြေစွမ်းကို မြင်တွေ့လာရပြီးတော့ အသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေ ကလည်း အသင်းကို ထိထိရောက်ရောက် အကျိုးပြုနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ဒီနွေရာသီမှာ မှန်ကန်တဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်ထားနိုင်ပြီး လီယမ် ဒီလက်ပ်၊ ယာအို ပက်ဒရို၊ ဂျေမီ ဂစ်တန်စ်တို့ အပါအဝင် ကစားသမား ၈ ဦး အတွက် ပေါင် သန်း ၂၂၀ ကျော်အထိ အသုံးပြုကာ ခေါ်ယူထားပါသေးတယ်။ 

ဒါ့အပြင် ချဲလ်ဆီးဟာ ဒီနွေရာသီ အပြောင်းအရွှေ့ထဲမှာ ဆက်ရှိနေဆဲ ဖြစ်ပြီး သူတို့ လိုချင်နေတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း တော့ဒ်ဘိုလေ ဦးဆောင်တဲ့ ချဲလ်ဆီး တာဝန်ရှိသူတွေက အသင်း အတွက် အဆင်မပြေနိုင်မယ့်သူတွေကို ရှင်းထုတ်ပြီး အဲဒီကနေ ရတဲ့ ငွေကြေးတွေကို ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ အသုံးပြုသွားဖွယ် ရှိနေပါတယ်။

ဒါကြောင့် ချဲလ်ဆီး အနေနဲ့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လစ်ဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး တို့နဲ့ အပြိုင် စိန်ခေါ်နိုင်လိမ့်မယ်လို့ ရှီးယားက ရှုမြင်ထားတာ ဖြစ်ပါတယ်။ အလန်ရှီးယားက “ချယ်လ်ဆီးရဲ့ လတ်တလော အောင်မြင်မှုတွေအရ ဆိုရင် (ပူပူနွေးနွေး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆွတ်ခူးထားတာကို ဆိုလို) လာမယ့် ရာသီမှာ သူတို့ အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မစိန်ခေါ်နိုင်ဘူးလို့ ပြောတဲ့သူက တော်တော်လေး သတ္တိကောင်းတဲ့သူပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ ရရှိခဲ့တဲ့ အောင်မြင်မှု၊ သူတို့ ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ ဆက်လက် ခေါ်ယူဦးမယ့် ကစားသမားတွေနဲ့ ဆိုရင် ချဲလ်ဆီးဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီး ကတော့ နည်းပြ အန်ဇို မာရက်စကာနဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရာသီမှာပဲ Top 4 ဝင်ခွင့် ရရှိခဲ့သလို၊ ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုတွေကို ရယူထားနိုင်ပါတယ်။
အန်ဇို မာရက်စ်ကာရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့တဲ့ အလန်ရှီးယား

ဒါ့အပြင် ရှီးယားက ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ အပေါ် အခုလိုပဲ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။ “မာရက်စ်ကာ လုပ်ဆောင်ခဲ့တာက Masterclass ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ပီအက်စ်ဂျီက တစ်ရာသီလုံး အကောင်းဆုံးပုံစံ ပြသပြီး ဒီပြိုင်ပွဲထဲကို ရောက်လာတဲ့ အသင်းလေ။ မာရက်စ်ကာရဲ့ သေးငယ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေက မြင့်မားနေပြီး အဲဒီအရာတွေ အားလုံးက သူတို့ အတွက် ပြီးပြည့်စုံစေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ သူလုပ်ဆောင်ခဲ့တဲ့ အလုပ် အတွက် သာမက ရာသီတစ်ခုလုံး အတွက်ပါ ကြီးမားတဲ့ ချီးကျူးမှုတွေနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ အလန်ရှီးယားက ဆိုပါတယ်။

ချဲလ်ဆီးဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မစတင်ခင် လေဗာကူဆင်၊ အေစီမီလန် တို့နဲ့ ခြေစမ်းပွဲတွေ ကစားဦးမှာ ဖြစ်ပါတယ်။ အဲဒီနောက် ချဲလ်ဆီးက ဩဂုတ် ၂၃ ရက်နေ့မှာ ရာသီသစ် အဖွင့် ပွဲစဉ် အဖြစ် လန်ဒန်မြို့ခံ ပြိုင်ဘက် ၄ သင်း ဖြစ်တဲ့ ပဲလေ့စ်၊ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ် တို့နဲ့ ကစားရမှာ ဖြစ်ပြီး ယူနိုက်တက်၊ ဘရိုက်တန်၊ လစ်ဗာပူးလ်၊ ဖောရက်စ် တို့နဲ့လည်း ‌ဆက်တိုက် တွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်