နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီ အဖွင့်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုကို ငြင်းပယ်လိုက်တဲ့ လာလီဂါ ဥက္ကဌ

လာလီဂါ ဥက္ကဋ္ဌ ဂျာဗီးယား တီဘက်စ် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါ ရာသီ အဖွင့်ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုကို ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။ လာလီဂါ ဥက္ကဌ တီဘက်စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ မကြာခဏ ဆိုသလို အဆင်မပြေမှုတွေ ရှိခဲ့သူ ဖြစ်ပြီး ဒီတစ်ကြိမ် မှာလည်း မျက်နှာသာ မပေးခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂိုးသမား သီဘောက် ကော့တွာစ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကစားခဲ့ရတာကြောင့် ကစားသမားတွေ အနားယူချိန် ပိုမို ရရှိဖို့ လာလီဂါ အဖွင့် ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ အတွက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား နောက်ဆုံးပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ကစားထားရပြီးတော့ လာလီဂါ အဖွင့် ပွဲစဉ် ကိုတော့ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်ဟာ အနားယူချိန် စုစုပေါင်း ၄၁ ရက်သာ ရှိတော့မှာ ဖြစ်ပြီး ဒါက ကစားသမားတွေကို ပွဲပိုပန်းစေနိုင်တယ်လို့ ယူနေနေကြတာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက ရီးရဲလ်မက်ဒရစ်ဟာ အဖွင့်ပွဲစဉ် အဖြစ် အိုဆာဆူနာနဲ့ ကစားရမှာ ဖြစ်ပြီး နောက်ပွဲစဉ်တွေ မှာတော့ ရီးရဲလ် အိုဗီဒို၊ မာယော့ကာ၊ ဆိုစီဒက်၊ အက်စ်ပန်ညို၊ လီဗန်တေး တို့နဲ့ ကစားရမှာ ဖြစ်တာကြောင့် ပွဲချောင်နေတယ်လို့ ပြောလို့ ရပါတယ်။

ဒါပေမယ့်လည်း တီဘက်စ် ကတော့ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ အနေနဲ့ အနားယူချိန် ရက် ၂၀ အချိန် ရပြီး ရာသီကြို လေ့ကျင့်ဖို့ ၃ ပတ် အချိန်ရတာကြောင့် အဖွင့်ပွဲကို ရွှေ့ဆိုင်းပေးဖို့ မဖြစ်နိုင်ကြောင်း တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်လို့ တီဘက်စ်က “သူတို့ ၂၁ ရက် နားချိန် မရပေမယ့် ရက် ၂၀ နားချိန် ရပါတယ်။ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ အတွက်လည်း သူတို့ရဲ့ သက်ဆိုင်ရာ လိဂ်တွေက ပွဲရက်တွေကို ပြောင်းလဲပေးမှာ မဟုတ်ပါဘူး။ ဒီအကြောင်းပြချက် အတွက်နဲ့ ကျွန်တော် တို့ရဲ့ ဘောလုံး ပြက္ခဒိန်ကို အပြောင်းအလဲ လုပ်သင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ အထူးသဖြင့် စဉ်းစားရမှာက ဒါဟာ အဖွင့် ပွဲစဉ် ဖြစ်နေတယ် ဆိုတာပါ။” လို့ ရီးရဲလ်မက်ဒရစ်ရဲ့ တောင်းဆိုမှုကို ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖီဖာ ကလပ် ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲစုံ ပွဲပေါင်း ၆၈ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒီလို ဖီဖာ ကလပ် ကမ္ဘာ့ဖလားလို ပြိုင်ပွဲတွေ တိုးမြှင့် ကျင်းပလိုက်တာကြောင့် ဘောလုံး အသင်းတွေ အနေနဲ့ လိုတာထက် ပိုတဲ့ ပင်ပန်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒါတွေက လာမယ့် ရာသီ အသင်းကို အတိုင်းအတာ တစ်ခု အထိ ထိခိုက်မှုတွေ ရှိနေစေကြောင်း ဝေဖန်ထောက်ပြနေကြပါတယ်။ လစ်ဗာပူးလ် နည်းပြဟောင်းကြီး ယာဂန် ကလော့ပ် ဆိုရင် ပြိုင်ပွဲတွေ များနေတဲ့ ကြားက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ကစားသမားတွေ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားစေမှာကို မလိုလားကြောင်း၊ နောက်ရာသီမှာ အရင်က မဖြစ်ဖူးတဲ့ ဒဏ်ရာပြသနာတွေ ကြုံတွေ့ရမှာကို စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အာစင်ဝင်ဂါးလို ဘောလုံးလောကရဲ့ အထင်ကရ ပုဂ္ဂိုလ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားဟာ ဘောလုံးလောက အတွက် လိုအပ်တဲ့ ပြိုင်ပွဲ ဖြစ်ကြောင်း တုန့်ပြန် ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်