မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက် ကတော့ လက်ရှိ ထိုင်း လိဂ်ဝမ်း ချန်ပီယံ ဘူရီရမ်ယူနိုက်တက်နဲ့ ခြေစမ်းပွဲ ယှဥ်ပြိုင်ကစားသွားဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ သတင်းတွေအရ ဆိုရင် ရှမ်းယူနိုက်တက်နဲ့ ဘူရီရမ်ယူနိုက်တက် တို့ဟာ လာမယ့် သြဂုတ်လ ၂ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ (ထိုင်းစံတော်ချိန် ညနေ ၆ နာရီ) မှာ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်နဲ့ ဘူရီရမ်ယူနိုက်တက် တို့ဟာ ထိုင်းနိုင်ငံ၊ ဘူရီရမ် ခရိုင်မှာ ရှိတဲ့ ဘူရီရမ်ယူနိုက်တက်ရဲ့ အိမ်ကွင်း Chang Arena ကွင်းမှာ ယှဥ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ဘူရီရမ်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ထိုင်း လိဂ်ဝမ်းမှာ ချန်ပီယံ ဖြစ်ထားပြီး လာမယ့် ရာသီ အေအက်ဖ်စီ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင် ကစားခွင့် ရရှိထားပါတယ်။ ဒါ့အပြင် ဘူရီရမ်ယူနိုက်တက်ဟာ ထိုင်းလိဂ်ဝမ်းမှာ ၁၁ ကြိမ် ချန်ပီယံ ဖြစ်ထားပြီး နောက်ဆုံး ၄ ရာသီဆက် ချန်ပီယံ ဖြစ်ထားတဲ့ အအောင်မြင်ဆုံး ကလပ်လည်း ဖြစ်ပါတယ်။ ဘူရီရမ် ကတော့ တစ်ချိန်က မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူရဲ့ အသင်းဟောင်းလည်း ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက် ကတော့ မြန်မာနေရှင်လိဂ် ချန်ပီယံဆုကို ၆ ကြိမ် ကိုင်မြှောက်ထားနိုင်ပြီးတော့ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေတာပါ။ ရှမ်း အသင်းဟာ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃ နဲ့ ၂၀၂၄-၂၀၂၅ တို့မှာ ချန်ပီယံ ဖြစ်ထားပြီး နှစ်ရာသီ ဆက်တိုက် ရှုံးပွဲ မရှိပဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အသင်း အဖြစ်လည်း နာမည်ကြီးပါတယ်။ ဒါပေမယ့်လည်း ရှမ်းယူနိုက်တက်ဟာ ပြီးခဲ့တဲ့ MNL League Cup ဗိုလ်လုပွဲမှာ ရန်ကုန်ယူနိုက်တက်ကို ရှုံးနိမ့်ကာ ချန်ပီယံဆုနဲ့ လွဲချော်ထားခဲ့ပါတယ်။
မြန်မာနေရှင်နယ်လိဂ် ကလပ် လာမယ့် ဩဂုတ်လမှာ ကျင်းပမယ့် အာဆီယံ ဘောလုံးအဖွဲချုပ် (AFF) ရဲ့ ၂၀၂၅-၂၀၂၆ အာဆီယံ ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားပါတယ်။ ဒါပေမယ့်လည်း မြန်မာ ကလပ်ဟာ အာဆီယံ ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ခြေစစ်ပွဲ အဆင့် ကနေ စတင် ကစားရမှာ ဖြစ်ပြီး ခြေစစ်ပွဲ အဆင့်မှာ လာအို ကလပ် အက်ဇရာနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက် အနေနဲ့ ခြေစစ်ပွဲ ပထမအကျော့ အဝေးကွင်း ပွဲစဉ် အဖြစ် သြဂုတ်လ ၈ ရက်နေ့မှာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့ မှာတော့ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ် အဖြစ် ရန်ကုန်မြို့က သုဝဏ္ဏကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အကယ်၍ ရှမ်းယူနိုက်တက် အနေနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့မယ် ဆိုရင်တော့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ကမ္ဘောဒီးယား ကလပ်တွေ ပါဝင်တဲ့ အုပ်စု B အတွင်း ကျရောက်ဖို့ ရှိနေပါတယ်။
သတင်းတွေအရ ဆိုရင်တော့ အာဆီယံ ဘောလုံးအဖွဲချုပ် (AFF) ဟာ ဒီပြိုင်ပွဲကို အပြောင်းအလဲ တချို့ ပြုလုပ်ထားပြီး ဝင်ရောက် ယှဥ်ပြိုင်မယ့် ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ နိုင်ငံခြားသား ကစားသမား ၇ ဦး အထိ ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။ AFF ဟာ ဒီနှစ်ပြိုင်ပွဲက စလို့ ပြိုင်ပွဲဝင် အသင်းတွေကို နိုင်ငံခြားသား ကစားသမား ခေါ်ယူခွင့် တိုးပေးခဲ့တာ ဖြစ်ပြီး တစ်သင်းကို အာဆီယံ ကစားသမား တစ်ဦး အပါအဝင် ၇ ဦး (၆+၁) စည်းမျဥ်းနဲ့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုကြေးတွေ ကိုလည်း ပြီးခဲ့တဲ့ရာသီကထက် တိုးမြှင့်ကာ ချီးမြှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အာဆီယံ ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အသင်းဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လ ၄၂၅၀၀၀နဲ့ ဒုတိယရတဲ့ အသင်း ကတော့ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၁၅၀၀၀ ရရှိမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.