နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆက်စ်ကိုနဲ့ ယိုကီးရက်စ်ကို မရရင် အိုလီ ဝက်ကင်န် ကိုပဲ ပြန်လည် ကြိုးပမ်းမယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ ကျောနံပါတ် ၉ အထောင်တိုက်စစ်မှူး ရှာပုံတော် ဖွင့်နေတာ တော်တော်လေး ကြာနေပြီ ဖြစ်ပေမယ့် အခုချိန်ထိ ဘယ်သူ့ကို ခေါ်ယူမလဲ ဆိုတာ အဖြေမထွက်သေးပါဘူး။ ပရီးမီးယားလိဂ် ကလပ်ဟာ ဗစ်တာ ယိုကီးရက်စ်နဲ့ ဘင်ဂျာမင် ဆက်စ်ကို တို့ကို အဓိက ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားပေမယ့် အခုချိန်အထိ ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။ ဒီအချိန်မှာ အာဆင်နယ် အနေနဲ့ သူတို့ရဲ့ ပစ်မှတ်တွေကို မခေါ်ယူနိုင်ခဲ့ရင်တော့ အက်စတွန်ဗီလာက အိုလီ ဝက်ကန် ကိုသာ ခေါ်ယူသွားဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။

အင်္ဂလန် တိုက်စစ် ကစားသမား အိုလီ ဝက်ကင်န် ကတော့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ အူနိုင်း အမ်မရီရဲ့ အသင်းက ယူအီးအက်ဖ်အေကို ဒဏ်ကြေးတွေ ဆောင်ရဖို့ ရှိနေသလို ပရီးမီးယားလိဂ်ရဲ့ PSR စည်းမျဉ်းတွေကြောင့်လည်း ထိပ်တန်း ကစားသမား တချို့ ကိုလည်း ရှင်းထုတ်ရမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် မတတ်သာတဲ့ အဆုံးမှာ ဗီလာက အသက် ၂၉ နှစ် အရွယ် တိုက်စစ် ကစားသမားကို ရောင်းထုတ်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဝက်ကင်န်ဟာ ပြီးခဲ့တဲ့ရာသီ ကတည်းက အာဆင်နယ်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သေးပြီး ဗီလာ ဘက်က ဝက်ကင်န်ရဲ့ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် အာဆင်နယ်က ဆက်စ်ကိုထက် ဗစ်တာ ယိုကီးရက်စ်ကို အသေအချာ လိုက်နေပေမယ့် စပို့တင်းလစ္စဘွန်း ဘက်က ပြောင်းရွှေ့ကြေး ရယူလိုတဲ့ ပုံစံကို တင်းခံနေတာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယိုကီးရက်စ် ကိုယ်တိုင် ကတော့ စပို့တင်းနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို သွားရောက် ပူးပေါင်းဖို့ တရားဝင် ငြင်းဆိုထားပြီး အာဆင်နယ် ကိုသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။ ဖာဘရီဇီယို ရိုမာနိုနဲ့ တခြားသော သတင်းထောက်တွေ ကတော့ အာဆင်နယ် ပရိသတ်တွေ အနေနဲ့ ဒီအပြောင်းအရွှေ့ကို စိတ်ရှည်ကြဖို့ ပြောထားပြီး ညှိနှိုင်း‌ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ပရိသတ် အများစု ဆန့်ကျင်နေတဲ့ ကြားက ချဲလ်ဆီး တောင်ပံ ကစားသမား နိုနီ မာဒူခေးကို ပေါင် ၄၈ + အပိုဆုကြေး ၄ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။
ယိုကီးရက်စ်နဲ့ ဆက်စ်ကိုကို မရရင် အိုလီ ဝက်ကင်န်ကို ခေါ်ယူမယ့် အာဆင်နယ်

အဓိက ကတော့ စပို့တင်းလစ္စဘွန်း ဥက္ကဌ ဗာရန်ဒက်စ်ရဲ့ ကတိမတည်မှုက စပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ကြန့်ကြာနေရတာ ဖြစ်ပါတယ်။ ကစားသမားနဲ့ အသင်း တာဝန် ရှိသူတွေ အကြား ပေါင် သန်း ၆၀ + အပိုဆုကြေး ၁၀ သန်း ရရင် ပြောင်းရွှေ့ခွင့် ရှိတယ် ဆိုတဲ့ Gentlemen Agreement အပေါ် စပို့တင်း ဥက္ကဌက ဖောက်ဖျက်ခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ အာဆင်နယ်က ပေါင် ၆၅+အပိုဆုကြေး ပေါင် ၁၅ သန်း နဲ့ ကမ်းလှမ်းထားပြီး ပေါ်တူဂီ ကလပ် ဘက်ကတော့ ပေါင် သန်း ၇၀ + အပိုဆုကြေး ပေါင် ၁၀ သန်း လိုချင်တာကြောင့် တင်းခံနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ယိုကီးရက်စ်ဟာ အာဆင်နယ်ကို ပြောင်းချင်တာကြောင့် စပို့တင်းဆီက သူရမယ့် ပေါင် ၂ သန်း ကိုလည်း မယူတော့ဖို့ အသိပေးထားပြီး ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးက ဂိုးသမား ကီပါ အရစ်ဇာဘာလာဂါ၊ ရီးရဲလ်ဆိုစီဒက်က ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီနဲ့ ဘရန့်ဖို့ဒ် ကွင်းလယ်လူ ခရစ္စရှန် နောဂတ် တို့ကို ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ပရိသတ် အများစု ဆန့်ကျင်နေတဲ့ ကြားက ချဲလ်ဆီး တောင်ပံ ကစားသမား နိုနီ မာဒူခေးကို ပေါင် ၄၈ + အပိုဆုကြေး ၄ သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ဒါဟာ ယေဘုယျ အားဖြင့်တော့ အာဆင်နယ် အနေနဲ့ တခြား ကလပ်တွေထက် မလျော့တဲ့ ကစားသမားသစ် ခေါ်ယူ အားဖြည့်မှုတွေ ပြုလုပ်ထားတယ်လို့ ပြောနိုင်ပေမယ့် အသင်း အတွက် လိုအပ်တဲ့ ကစားသမားတွေ မခေါ်ယူနိုင်သေးတဲ့ အပေါ် မှာတော့ ပရိသတ် အများစု ကတော့ မကျေမနပ် ဖြစ်နေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်