ချဲလ်ဆီး – ပီအက်စ်ဂျီ
ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အဖြစ် ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ နယူးဂျာစီမြို့က MetLife ကွင်းမှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ လက်တလော ဥရောပရဲ့ အကောင်းဆုံး အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အတွက် ကမ္ဘာ့အကောင်ဆုံး ကလပ် ဖြစ်တယ် ဆိုတာ ဆက်လက် သက်သေပြရမယ့် ပွဲဖြစ်သလို ချဲလ်ဆီး အတွက် ကလည်း အားလုံးရဲ့ ထင်မြင် ယူဆချက်တွေကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားမယ့် ပွဲဖြစ်နေတာကြောင့် ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
နည်းပြ အန်ဇို မာရက်စ်ကာ လက်အောက်မှာ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း ပိုတည်ငြိမ်လာပြီး ရလဒ်တွေ ကောင်းနေတဲ့ ချဲလ်ဆီး ကလည်း ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ အပြည့်အဝ ရည်မှန်းထားပါတယ်။ ချဲလ်ဆီးဟာ ဒီပြိုင်ပွဲမှာ ၃ ကြိမ်မြောက် ဗိုလ်လုပွဲ တက်လာခဲ့တာ ဖြစ်ပြီး အရင် နှစ်ကြိမ်မှာ တစ်ကြိမ် ဗိုလ်စွဲပြီး ဒုတိယ တစ်ကြိမ် ရထားပါတယ်။ လက်ရှိ ပြိုင်ပွဲ ဖြတ်သန်းမှုကို ပြန်ကြည့်မယ် ဆိုရင် ချဲလ်ဆီးက အုပ်စု အဆင့်မှ ဖလာမင်ဂို ကို ဂိုးပြတ် ရှုံးခဲ့တဲ့ ပွဲက လွဲရင် ကျန်ပွဲ အားလုံးမှာ အနိုင်ရထားပါတယ်။ ချဲလ်ဆီးဟာ အဟုန်ကောင်းကောင်းနဲ့ ဗိုလ်လုပွဲကို ရောက်လာတာ မဟုတ်ပဲ ဖြည်းဖြည်းမှန်မှန်နဲ့ တစ်ပွဲချင်း အကောင်းဆုံး ဖြတ်သန်းလာတဲ့ အသင်း ဖြစ်ပါတယ်။ နောက်ပြီး ဒီလိုမျိုး ဖြည်းဖြည်းချင်း တက်လာတဲ့ အသင်းတွေဟာ ဗိုလ်စွဲတတ်တဲ့ အစဉ်အလာတွေ ရှိတတ်တာကြောင့် ချဲလ်ဆီးကို လျှော့တွက်ထားလို့ မရပါဘူး။
ပီအက်စ်ဂျီနဲ့ ပတ်သတ်ပြီးတော့က အထွေအထူး ပြောနေစရာ မလိုတော့ပါဘူး။ ရှေ့မှာလည်း လူးဝစ္စ အန်နရီကေးရဲ့ အသင်း ခြေစွမ်းကို ပုံစံ မျိုးစုံနဲ့ ချီးကျူးခဲ့ပြီးပါပြီ။ သူတို့ဟာ လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံး ကလပ် ဖြစ်တယ် ဆိုတာ သက်သေပြဖို့ ဆာလောင်နေကြသူတွေပါ။ စံချိန်တင် အောင်မြင်မှုတွေ အတွက်လည်း စိတ်ဓာတ်ပိုင်းအရရော၊ ခြေစွမ်းအရပါ ပါရီသားတို့ အဆင်သင့် ဖြစ်နေပုံပါပဲ။ နောက်ပြီး ပီအက်စ်ဂျီက ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ တစ်ကြိမ်မှာ အောင်မြင်မှု မရဖူးသေးပါဘူး။ သူတို့ ဒီကွက်လပ်ကို အပိုင် ဖြည့်နိုင်ဖို့ အသေအချာ ပြင်ဆင်လာပါလိမ့်မယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို ချဲလ်ဆီး ဘက်က ဘာဒီယာရှီးလ်၊ ဝက်စ်လေ ဖိုဖာနာ၊ ကယ်လီမန်းနဲ့ ကစားသမားသစ် ဂစ်တန်စ် တို့ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပဲ ဖလူမီးနန့်စ်နဲ့ ပွဲက လူစာရင်း အတိုင်း ပွဲထွက်လာနိုင်ပါတယ်။ တစ်ခု ရှိတာက အထောင်တိုက်စစ် နေရာမှာ ပြီးခဲ့တဲ့ ပွဲမှာ ၂ ဂိုး သွင်းခဲ့တဲ့ ယာအို ပက်ဒရို ပွဲထွက်လာမလား။ ဒါမှမဟုတ် အပြောင်းအလဲ လုပ်ပြီး လီယမ် ဒီလက်ပ်ကို ပွဲထုတ်လာမလား ဆိုတာ စောင့်ကြည့်ရပါမယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂူစတို၊ ချာလိုဘာ၊ ကိုးလ်ဝဲလ်၊ ကူကာရယ်လာ၊ အန်ဇို ဖာနန်ဒက်ဇ်၊ မွိုက်ဆက်စ် ကိုင်စီဒို၊ အန်ကွန်ကူ၊ ပါးလ်မား၊ နီတို၊ ယာအို ပက်ဒရို
ပီအက်စ်ဂျီ – ဒွန်နာရမ်းမား၊ နူနို မန်းဒက်စ်၊ ဘာရယ်ဒို၊ မာကွင်ညော့စ်၊ ဟာကီမီ၊ ရူအစ်ဇ်၊ နီးဗက်စ်၊ ဗစ်တင်ညာ၊ ခါဗရာစခီလီယာ၊ ဒမ်ဘီလီ၊ ဒူရေး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ပီအက်စ်ဂျီ ကတော့ ၃ ကြိမ် အနိုင်ရကာ ၄ ကြိမ်အထိ သရေကျခဲ့ပါတယ်။ ပီအက်စ်ဂျီက ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ ကြိမ်ဆက် အနိုင်ရထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်တွေကို ပြန်ကြည့်ရင်တော့ ၄ ပွဲနိုင်ပြီး ၁ ပွဲ ရှုံးထားကြပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOP ရဲ့ 1X2 မှာတော့ ချဲလ်ဆီး အနိုင် အတွက် ၄.၆၇ ဆ၊ ပီအက်စ်ဂျီ အနိုင် အတွက် ၁.၅၉ ဆနဲ့ သရေ အတွက် ၃.၈၆ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ပီအက်စ်ဂျီ ဘက်ကပဲ ကြေးပေါက်နေပြီး ဂိုးပေါင်း ကလည်း အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်တဲ့ ကြေးမျိုးပါပဲ။ ဘွတ်ကီတွေ အနေနဲ့ ပီအက်စ်ဂျီနဲ့ ဂိုးပေါ်ကို ကျိန်းသေပေါက် တွက်ဆထားပုံပါပဲ။ မာရက်စ်ကာရဲ့ အသင်းက တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုင်း တိုးတက်လာနေပေမယ့် Op ဖြစ်နေတဲ့ ပီအက်စ်ဂျီကို အသာရဖို့ ဆိုတာ ကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ကျွန်တော် ကတော့ ပီအက်စ်ဂျီနဲ့ ဂိုးအများကို သဘောကျပါတယ်။
ခန့်မှန်းရလဒ်
ချဲလ်ဆီး ၁-၃ ပီအက်စ်ဂျီ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.