နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားဦးမယ့် ဥရောပရဲ့ ဒိတ်ဒိတ်ကြဲ နှစ်သင်းရဲ့ အားပြိုင်မှု | ဖီဖာ ကလပ် ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဂျီ – ရီးရဲလ်မက်ဒရစ်

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ဆက်လက် ကစားဖို့ ရှိပြီးတော့ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက် ရင်ဆိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဥရောပရဲ့ ဒိတ်ဒိတ်ကြဲ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရဖို့ ရှိပြီး ဘယ်အသင်းက ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ပီအက်စ်ဂျီက သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် သူတို့ တစ်ခါမှ မရဖူးသေးတဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကိုလည်း အရယူဖို့ အဆင့်သင့် ဖြစ်နေပုံပါပဲ။ ဒါကိုတော့ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်ကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ပီအက်စ်ဂျီဟာ ဘေယန်မြူးနစ်ကို ၂ ယောက်လျော့နဲ့ ကစားပြီး ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ကျော်ဖြတ်ပြခဲ့တာက အထင်ကြီး လေးစားစရာပါ။ ပြင်သစ် ထိပ်သီး တို့ဟာ လူးဝစ္စ အန်နရီကေး လက်အောက်မှာ တစ်ဦးချင်းရော၊ အသင်းလိုက် ကစားပုံပါ ကောင်းမွန်နေပြီး တိုက်စစ်ကို ပုံစံ မျိုးစုံနဲ့ ကစားနိုင်သလို ပြိုင်ဘက် တိုက်စစ်ကို ဟန့်တားရာမှာလည်း စနစ်တကျ ရှိလွန်းပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ယခင် တွေ့ဆုံမှုတွေမှာ  ပီအက်စ်ဂျီကို အသာရခဲ့ပေမယ့် ဒီတစ်ကြိမ် မှာတော့ လွယ်ကူဖို့ မရှိပါဘူး။

ရီးရဲလ်မက်ဒရစ် ကလည်း နည်းပြသစ် ဇာဘီ အလွန်ဆို လက်ထက်မှာ လျင်လျင်မြန်မြန်ပဲ အသားကျသွားပေမယ့် ကစားပုံ အားနည်းချက် တချို့ ရှိနေပါသေးတယ်။ တိုက်စစ်က ဂိုးတွေ ရနေပေမယ့် ရူဒီဂါ ဦးဆောင်တဲ့ ခံစစ်က တချို့ အချိန်တွေမှာ အနည်းငယ် ပေါ့ဆနေတာ တွေ့ရပါတယ်။ အထောင်တိုက်စစ် နေရာမှာ လူငယ် ကစားသမားလေး ဂွန်ဇာလို ဂါစီယာ ခြေစွမ်းပြနေပြီး အမ်ဘာပေးလည်း ပြန်ကစားနိုင်ပြီ ဖြစ်တာကြောင့် ပီအက်စ်ဂျီ ခံစစ်က သတိတော့ ထားရပါလိ့မ်မယ်။ နောက်ပြီး လော့စ်ဘလန်ကို တို့ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ၅ ကြိမ် အထိ ဖြစ်ဖူးတာကြောင့် အတွေ့အကြုံကို ကောင်းကောင်း အသုံးချပါလိမ့်မယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို ပီအက်စ်ဂျီ ဘက်က ကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိနေပြီးတော့ ရီးရဲလ်မက်ဒရစ် ဘက်မှာတော့ ဒေးဗစ် အလာဘာ၊ ကာမာဗင်ဂါ၊ အန်းဒရစ်ခ်နဲ့ မန်ဒီ တို့ လွဲချော်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နောက်ပြီး လော့စ်ဘလန်ကို တို့ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ၅ ကြိမ် အထိ ဖြစ်ဖူးတာကြောင့် အတွေ့အကြုံကို ကောင်းကောင်း အသုံးချပါလိမ့်မယ်။
နောက်ဆုံး ၈ ပွဲဆက် မရှုံးထားတဲ့ ရီးရဲလ်မက်ဒရစ်

ပီအက်စ်ဂျီ – ဒွန်နာရမ်းမား၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ဘာရဲလ်ဒို၊ နူနို မန်းဒက်စ်၊ ဗစ်တင်ညာ၊ ယာအို နီးဗက်စ်၊ ရူအစ်ဇ်၊ ဘာကိုလာ၊ ဒူရေး၊ ခါဗရာစခီလီယာ

ရီးရဲလ်မက်ဒရစ် – ကော့တွာစ်၊ ထရန့်၊ အဆန်စီယို၊ ရူဒီဂါ၊ ဖာရန်း ဂါစီယာ၊ ချူအာမန်နီ၊ ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီ၊ ဂူလာ၊ ဂွန်ဇာလို ဂါစီယာ၊ ဗင်နီးစီးယပ်စ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၁ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ပီအက်စ်ဂျီက ၃ ကြိမ်သာ အနိုင်ရခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကတော့ ၆ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ရီးရဲလ်မက်ဒရစ်က ၂ ကြိမ်နိုင်၊ ပီအက်စ်ဂျီက ၂ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ပီအက်စ်ဂျီက ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးပြီး ရီးရဲလ်မက်ဒရစ်က ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ 

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOP ရဲ့ 1X2 မှာတော့ ပီအက်စ်ဂျီ အနိုင် အတွက် ၂.၄၀ ဆ၊ ရီးရဲလ်မက်ဒရစ် အနိုင် အတွက် ၂.၆၀ ဆနဲ့ သရေ အတွက် ၃.၃၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ပီအက်စ်ဂျီ ဘက်က ဒဲ့ကြေးနဲ့ ခပ်ပါးပါး ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ လက်ရှိမှာ စုဖွဲ့မှုခြင်း သိပ်မကွာပေမယ့် ပီအက်စ်ဂျီ ကတော့ ခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်းမှာ အမြင်ဆုံး ရောက်နေပါလိမ့်မယ်။ သူတို့ အတွက် တစ်ရာသီ အတွင်း ဖလား ၄ လုံး ချန်ပီယံ ဖြစ်ရေး အိမ်မက်ကို ဆက်လက် အသက်သွင်းဖို့ အားကုန်ထုတ်လာပါလိမ့်မယ်။ ပြောရရင် ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် ဗိုလ်လုပွဲက အနည်းငယ် လွယ်ကူဖို့ ရှိနေပါတယ်။ ကျွန်တော် ကတော့ ခြေစွမ်းပိုပြီး တည်ငြိမ်တဲ့ ပီအက်စ်ဂျီ ကိုပဲ ရွေးချယ်ထားတာ မမှားဘူး ထင်ပါတယ်။

ခန့်မှန်းရလဒ်

ပီအက်စ်ဂျီ ၂-၁ ရီးရဲလ်မက်ဒရစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်