နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘင်ဖီကာကို ပြန်လည် ပြောင်းရွှေ့လိုကြောင်း ဝန်ခံပြောကြားလိုက်တဲ့ ယာအို ဖီးလစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး တိုက်စစ် ကစားသမား ယာအို ဖီးလစ် ကတော့ အသင်းဟောင်း ဘင်ဖီကာထံ ပြန်လည် ပြောင်းရွှေ့လိုကြောင်း ဝန်ခံ ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကတော့ ဒီနွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာဖို့ များနေကြောင်း သတင်းတွေ ထွက်နေသူလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ယာအို ဖီးလစ် ကတော့ ဘင်ဖီကာမှာ ကစားသမား ဘဝ စတင်ခဲ့သူ ဖြစ်ပြီး အက်တလက်တီကိုမက်ဒရစ်၊ ဘာစီလိုနာ၊ ချဲလ်ဆီးနဲ့ အေစီမီလန်လို ထိပ်တန်း ကလပ် များစွာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ အက်တလက်တီကိုမက်ဒရစ် ကနေ ချဲလ်ဆီးကို အပြီးသတ် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖီးလစ်က ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ ပွဲ ၂၀ သာ ကစားခဲ့ရပြီး အေစီမီလန်ကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ အေစီမီလန် မှာလည်း ပေါ်တူဂီသားက ၂၁ ပွဲသာ ကစားခဲ့ရပြီး စီးရီးအေ ကလပ်က အပြီးသတ် ခေါ်ယူခြင်း မရှိခဲ့တာကြောင့် ချဲလ်ဆီးမှာ သောင်တင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ယာအို ဖီးလစ်ကို အသင်းဟောင်း ဖြစ်တဲ့ ပေါ်တူဂီ ထိပ်သီး ဘင်ဖီကာက ပြန်လည် ခေါ်ဖို့ ကြိုးစားနေသလို၊ ကစားသမား ကိုယ်တိုင် ကလည်း အသင်းဟောင်းမှာ ပြန်လည် ကစားဖို့ ဆန္ဒ ရှိနေပါတယ်။ ဒါပေမယ့်လည်း ယာအို ဖီးလစ် အတွက် တစ်နှစ် လုပ်ခ လစာ ယူရို ၄ သန်း ပေးချေရမယ့် ပမာဏကို ဘင်ဖီကာ ဘက်က လက်တွန့်နေတာကြောင့် အပြောင်းအရွှေ့က ရှေ့မဆက်နိုင်ပဲ ဖြစ်နေကြောင်း သိရပါတယ်။

ကလပ်အသင်း အများအပြားမှာ မကြာခဏ အငှားထွက်ကစားခဲ့ရတဲ့ ယာအို ဖီးလစ်

ဒီအခြေအနေမှာ ယာအို ဖီးလစ် ကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်နေမလား ဒါမှမဟုတ် ဘင်ဖီကာ မှာပဲ ပြန်ကစားမလား ဆိုတာ ရွေးချယ်သွားမှာ ဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ ဖီးလစ်က “ဘင်ဖီကာက ကျွန်တော် သဘောကျတဲ့ အသင်း ဆိုတာ တစ်ကမ္ဘာလုံးက သိပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ အိမ်ပါ။ ကျွန်တော် တစ်နေ့ ပြန်မှာပါ။ အခုလား နှစ်အနည်းငယ်ကြာမှလားတော့ မပြောတတ်ပါဘူး။ အခု ပြန်ရမယ် ဆိုရင်လည်း အရမ်းပဲ ပျော်ရွှင်မိမှာပါ။ အင်္ဂလန် မှာပဲ ဆက်ကစားမလား၊ ဘင်ဖီကာ ပြန်မလား ဆိုတဲ့ ရွေးချယ်စရာ နှစ်ခု ရှိနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ယာအို ဖီးလစ်ဟာ တစ်ချိန်က အလားအလာအရှိဆုံး ဘောလုံး ကြယ်ပွင့် တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ရောက်တဲ့ အသင်းတိုင်းမှာ အဆင်မပြေတာကြောင့် အငှားတွေချည်း ထွက်ကစားခဲ့ရသူပါ။ လက်ရှိအချိန်မှာလည်း ဖီးလစ်ဟာ အသင်းရဲ့ အရောင်းစာရင်းထဲ ထည့်သွင်းခံထားရပြီး ဒီနွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ဘင်ဖီကာ လူငယ် အကယ်ဒမီထွက် ယာအို ဖီးလစ်ဟာ လစ္စဘွန်း အခြေစိုက် ကလပ် အတွက် စုစုပေါင်း ၄၂ ပွဲသာ ကစားခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ဘင်ဖီကာ အတွက် ကစားပေးခဲ့ချိန်မှာ ဂိုး ၂၀ သွင်းယူခဲ့ပြီး ၈ ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ မျက်စိကျခြင်း ခံခဲ့ရကာ အဲဒီအချိန်တုန်းက အက်တလက်တီကိုမက်ဒရစ်က လက်ဦးမှု ရယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ အက်တလက်တီကိုမက်ဒရစ်မှာ ၄ ရာသီ အတွင်း ၁၃၁ ပွဲ ကစားကာ ၃၄ ဂိုး သွင်း၊ ၁၆ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း မှာတော့ ဖီးလစ်က ခြေစွမ်း မတည်ငြိမ်မှုတွေနဲ့ အတူ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ကစားသမား ဘဝ တဖြည်းဖြည်း တိမ်မြုပ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်