နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ငွေသုံးကြမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ဖြေရှင်းရတော့မယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

ချဲလ်ဆီး ကတော့ ဥရောပဘောလုံးအဖွဲချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိစေဖို့ အတွက် ကစားသမား ရောင်းချမှု ကနေ ပေါင် သန်း ၆၀ ကျော် ရှာဖွေနိုင်ဖို့ လိုအပ်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမား အများအပြား ခေါ်ယူပြီး ငွေသုံးကြမ်းခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်ဟာ လက်ရှိမှာတော့ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီစေဖို့ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးဟာ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ၈ ဦး အထိ ခေါ်ယူထားပြီး ပေါင် သန်း ၂၃၀ နီးပါး သုံးစွဲထားပါသေးတယ်။ ဒါ့အပြင် အသင်း ကနေ ထွက်ခွာသွားတဲ့ ကစားသမား ၄ ဦး အတွက် ရရှိတဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၇ သန်း ဝန်းကျင်သာ ရှိနေတာကြောင့် အသားတင် အသုံးစရိတ် ပေါင် သန်း ၂၁၀ ဝန်းကျင် အထိ ရှိနေတာပါ။

ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ပရီးမီးယားလိဂ် ကလပ်ကို ဘဏ္ဍာရေး စည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ ဒဏ်ကြေး ပေါင် ၂၆.၇ သန်း တပ်ရိုက်ထားပါတယ်။
မကြာသေးခင်ကပဲ ယူအီးအက်ဖ်အေရဲ့ ဒဏ်ရိုက်ခြင်းခံထားရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ငွေကြေး အမြောက်အများ ရရှိထားပေမယ့်လည်း အဲဒီငွေတွေဟာ ချန်ပီယံလိဂ် ကစားသမား စာရင်းသွင်းတဲ့ နေရာမှာ သုံးစွဲလို့ မရတာကြောင့် လက်ရှိမှာ အသင်းရဲ့ နာမည်ကြီး ကစားသမား တချို့ကို အရင်ဆုံး ရောင်းထုတ်ရမှာ ဖြစ်ပါတယ်။ စည်းမျဉ်းတွေ အရ ဒီလို ရောင်းထုတ်ပြီးမှာသာ နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို ဥရောပ ပြိုင်ပွဲမှာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ဆိုရင်တော့ ချဲလ်ဆီးဟာ ဒီနွေရာသီမှာ ခေါ်ယူထားတဲ့ လီယမ် ဒီလပ်ပ်၊ ယာအို ပက်ဒရို၊ ဂျေမီ ဂစ်တန်စ်၊ အက်စ်တီဗာအို၊ အက်ဆူဂိုနဲ့ မာမာဒူဆား တို့ကို ချန်ပီယံလိဂ်မှာ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ မကြာသေးခင် ကလည်း ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရတဲ့ လန်ဒန် ကလပ်ဟာ အခု ဆိုရင်တော့ နောက်ထပ် ဘဏ္ဍာရေး ပြဿနာ တစ်ခုကို ထပ်မံ ဖြေရှင်းဖို့ ဖိအားပေးခြင်း ခံနေရတာ ဖြစ်ပါတယ်။

စည်းမျဉ်းတွေအရ ကစားသမားသစ်တွေ အားလုံးကို ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် စာရင်းသွင်းနိုင်ဖို့ ဆိုရင်တော့ ကစားသမား ရောင်းချရမှု ကနေ ပေါင်သန်း ၆၀ ကျော် ရရှိဖို့ လိုအပ်ကြောင်း The Times က ဖော်ပြခဲ့ပါတယ်။ ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ပရီးမီးယားလိဂ် ကလပ်ကို ဘဏ္ဍာရေး စည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ ဒဏ်ကြေး ပေါင် ၂၆.၇ သန်း တပ်ရိုက်ထားပါတယ်။ ဒါပေမယ့်လည်း တော့ဒ် ဘိုလေရဲ့ အသင်းက ဒီပြဿနာတွေကို ဂရုစိုက်တဲ့ ပုံစံမျိုး မတွေ့ရပဲ ကစားသမား အများအပြားကို ရောင်းထုတ်ဖို စီစဉ်နေသလို၊ ကစားသမားသစ်တွေလည်း ထပ်မံ ခေါ်ယူဖို့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ရဲ့ လက်ရှိ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေ အရ သတ်မှတ်ထားတဲ့ ငွေပမာဏထက် အများကြီး ကျော်လွန်နေတာ တွေ့ရပြီး မဖြစ်မနေကို ကစားသမားတွေ ရောင်းချတော့မှာပါ။ ဒါကြောင့် ချဲလ်ဆီးက ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် ယာအို ဖီးလစ်၊ ရာဟင်းမ် စတာလင်နဲ့ ခရစ္စတိုဖာ အန်ကွန်ကူ တို့လို ကစားသမားတွေကို ရောင်းချဖို့ ဦးစားပေးသွားဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အာဆင်နယ်က စိတ်ဝင်စားနေတဲ့ နိုနီ မာဒူခေး အတွက်လည်း သိပ်မမူနေပဲ အာဆင်နယ် ဘက်က ကမ်းလှမ်းလာတဲ့ ပြောင်းရွှေ့ကြေးကို လက်ခံစဉ်းစားသွားဖွယ် ရှိနေပါတယ်။ တော့ဒ် ဘိုလေဟာ ကစားသမားကောင်းတွေကို စီးပွားရေး အမြင်နဲ့ ရရင် ရသလို ခေါ်ယူနေပေမယ့် အခုတော့ မဖြေရှင်းလို့ မရတဲ့ ဘဏ္ဍာရေး ပြဿနာတွေ အတွက် ခပ်မြန်မြန် ပြန်လည် ရောင်းထုတ်နိုင်ဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်