ချဲလ်ဆီး ကတော့ ဒေါ့မန်ရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေမီ ဘိုင်နို ဂစ်တန်စ်ကို အသင်းရဲ့ ကစားသမားသစ် အဖြစ် တရားဝင် မိတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အနေနဲ့ အသက် ၂၀ အရွယ် ဂစ်တန်စ် အတွက် ကနဦး ပေါင် ၄၈.၅ သန်း + အပိုဆုကြေး ပေါင် ၃.၅ သန်း ပေးချေရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ အင်္ဂလန် ကြယ်ပွင့်ကို ၇ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ဒီနွေရာသီ အတွက် သူတို့ရဲ့ ၆ ဦးမြောက် ကစားသမား ခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဂစ်တန်စ်ရဲ့ အရှေ့မှာ ဒါရီယို အက်ဆူဂို (ပေါင် ၁၈ သန်း)၊ လီယမ် ဒီလက်ပ် (ပေါင် ၂၉ သန်း)၊ မာမာဒူ ဆား (ပေါင် ၁၂ သန်း)၊ ယာအို ပက်ဒရို (ပေါင် ၅၃ သန်း)၊ ကန်ဒရီ ပေ့ဇ် (ပေါင် ၈.၃ သန်း) တို့ကို ခေါ်ယူထားတာပါ။
အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ဖြစ်တဲ့ ဂျေမီ ဂစ်တန်စ် ကတော့ ၂၀၂၀ ပြည့်နှစ်မှာ မန်စီးတီး ကနေ ဒေါ့မန်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဂစ်တန်စ်ဟာ ဒေါ့မန် အတွက် ပြိုင်ပွဲစုံ ၁၀၇ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းကာ ၁၄ ဂိုး ဖန်တီးခဲ့ပါတယ်။ ဒေါ့မန် ဘက်က ရောင်းချမှုကို အတည်ပြုပြီး ၂ ရက် အကြာမှာ အင်္ဂလန် တောင်ပံ ကစားသမားကို ချဲလ်ဆီး ဘက်က သူတို့ရဲ့ ကစားသမား အဖြစ် တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန် ကတော့ ဂျေမီ ဂစ်တန်စ် အတွက် သူတို့ သတ်မှတ်ထားတဲ့ စာချုပ် ဖျက်သိမ်းကြေးကို အပြည့်အဝ ရရှိခဲ့တဲ့ အပြင် Adds on ကြေးတွေပါ ရရှိဖို့ ရှိနေကြောင်း သိရပါတယ်။
ချဲလ်ဆီးရဲ့ ထုတ်ပြန်ကြေညာချက် မှတော့ ဂစ်တန်စ်က သူ့ အနေနဲ့ သူ့ရဲ့ ဇာတိနိုင်ငံကို ပြန်လာရခြင်း အတွက် မိမိကိုယ်ကို ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ အင်္ဂလန် ယူ ၂၁ အသင်းတွေမှာ စုစုပေါင်း ၂၆ ပွဲ ကစား ထားခဲ့ပြီး အခုလို ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့လိုက်ခြင်းက သူ့ အပေါ် အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ သောမက်စ် တူချယ်ရဲ့ အာရုံစိုက်မှုတွေ ပိုတိုးလာနိုင်ကြောင်း သုံးသပ်နေကြပါတယ်။
ဆက်လက်ပြီး ဂစ်တန်စ်က “ဒါဟာ အရမ်းကောင်းတဲ့ ခံစားချက်ပါ။ ချဲလ်ဆီးလို အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ရတာ အရမ်းကောင်းတဲ့ ခံစားချက်ပါ။ အသင်းမှာ ရှိတဲ့ လူတိုင်းဆီ ကနေ သင်ယူပြီး ဒီမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ မစောင့်နိုင်တော့ဘူး။ မယုံနိုင်လောက်စရာ ခံစားချက် တစ်ခုပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂစ်တန်စ်ဟာ လက်ရှိမှာ ဒေါ့မန်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီး ဖြစ်တာကြောင့် မကြာခင်မှာ ချဲလ်ဆီးနဲ့ တရားဝင် ပူးပေါင်းနိုင်ဖို့တော့ ရှိနေပါတယ်။
တကယ်တော့ အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ ဒီနွေရာသီ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၈၀ နီးပါး အသုံးပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ထိပ်သီး တို့က အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ဆက်ရှိနေဦးမှာ ဖြစ်ပြီး နောက်ထပ် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ အစီအစဉ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်း အတွက် မလိုအပ်တဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဦးမှာ ဖြစ်ပြီး တချို့ကလည်း အသင်းပိုင်ရှင် တော့ဒ်ဘိုလေကို အပြောင်းအရွှေ့ ရာသီ ရောက်တိုင်း ထိရောက်တဲ့ စီးပွားရေး လုပ်ဆောင်နိုင်သူ အဖြစ် ချီးကျူးနေကြသလို တချို့ကလည်း ဝေဖန်နေကြပါတယ်။ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်ကပဲ အက်စတွန်ဗီလာနဲ့ အတူ ဘဏ္ဍာရေး စည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ ဥရောပဘောလုံးအဖွဲချုပ်ရဲ့ ဒဏ်ငွေရိုက်ခြင်းခံခဲ့ရပါတယ်။
ဒီနှစ်သင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလ အပြီးမှာ အပြောင်းအရွှေ့ ဟန်ချက်ညီအောင် မလုပ်ဆောင်နိုင်ဘူး ဆိုရင် လာမယ့် ရာသီ ယူအီးအက်ဖ်အေ ပြိုင်ပွဲတွေ အတွက် ကစားသမား မှတ်ပုံတင်ခွင့် ပိတ်ပင်ခံရဖွယ် ရှိနေပါတယ်။ ချဲလ်ဆီးဟာ ဒဏ်ငွေ ယူရို ၃၁ သန်း (ပေါင် ၂၆.၇ သန်း)နဲ့ လာမယ့် ၄ နှစ် အတွင်း အပြောင်းအရွှေ့စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် မဆောင်ရွက်နိုင်ဘူး ဆိုရင် ယူရို သန်း ၆၀ ထပ်မံ ဒဏ်ရိုက်ခံရမှာပါ။ ယူအီးအက်ဖ်အေဟာ သက်ဆိုင်ရာ ကလပ်တွေရဲ့ ရငွေနဲ့ လစာငွေ ပေးချေမှု အချိုးကို တွက်ချက်ခဲ့ပြီး ၈၀ ရာခိုင်နှုန်း ရှိနေတာကြောင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.