နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်တိုနီကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ့် ဘက်တစ်၊ ရာဖာ မာရင်ကို ခေါ်ယူနိုင်တော့မယ့် ဗီလာရီးရဲလ် | လာလီဂါ

ဇူလိုင်လ ၃ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ် ဥက္ကဌ အိန်ဂျယ် ဟာရို ကတော့ အန်တိုနီကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့‌ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်မှာ အနာဂတ် မရှိတော့တဲ့ အန်တိုနီဟာ ပြီးခဲ့တဲ့ ရာသီဝက် ဘက်တစ်မှာ အငှားနဲ့ သွားရောက် ကစားစဉ် ခြေစွမ်းပြနိင်ခဲ့ပြီး လက်ရှိမှာ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် အဖြစ် ရှိနေသူ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကတော့ နီကို ဝီလီယမ်စ် အတွက် အခုတစ်ပတ် အတွင်း ဘီလ်ဘာအိုထံ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေကြောင်း SPORT က ဖော်ပြခဲ့ပါတယ်။ နီကို ဝီလီယမ်စ် ကတော့ တခြားသော ကမ်းလှမ်းမှုတွေကို နားမထောင်မီ သူ့ရဲ့ အပြောင်းအရွှေ့ကို ဇူလိုင် ၉ ရက်နေ့ အမီ အပြီးသတ်ဖို့ ဘာစီလိုနာထံ သတိပေးခဲ့ကြောင်းလည်း သိရပါတယ်။ ဒီလို ကြန့်ကြာနေတဲ့ အခြေအနေကို ဘေယန်မြူးနစ်က အခွင့်ကောင်းယူဖို့ စောင့်ဆိုင်းနေပြီး ကစားသမားကို လုပ်ခလစာ ယူရို ၁၂ သန်းနဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။ ဒီလို ဘေယန်မြူးနစ်က ပေးချေမယ့် လုပ်ခလစာ နှုန်းထားမျိုး ကိုတော့ ဘာစီလိုနာ ဘက်က ပေးချေနိုင်ဖို့ မရှိပါဘူး။

တော့တင်ဟမ်ဟော့စပါး ကတော့ ခရစ္စတီယန် ရိုမဲယိုကို ယူရို သန်း ၇၀ ရရှိမှသာ ရောင်းထုတ်သွားမှာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား သတ်မှတ်လိုက်တယ် ဆိုတာ မဟုတ်ကြောင်း CaughtOffside က ဖော်ပြထားပါတယ်။ ဒီကစားသမား ကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်က ခေါ်ယူချင်နေပြီး ဒီပမာဏဟာ လာလီဂါ ကလပ် နှစ်သင်းစလုံး အတွက် အခက်အခဲ မရှိနိုင်ကြောင်း သိရပါတယ်။

ရီးရဲလ်ဘက်တစ်နဲ့ လာလီဂါ တန်းတက် ကလပ် ရီးရဲလ်အိုဘီဒီု တို့ကတော့ ဂွန်ဇာလို ဂါစီယာကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။ နည်းပြ ဇာဘီ အလွန်ဆို ကတော့ အချိန်တိုတွင်း ကျော်ကြားလာတဲ့ အကယ်ဒမီထွက် ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ မျှော်လင့်နေပါတယ်။

လာမင်း ယာမယ် ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် မာ့ခ် ဘာနယ် ပြန်ရောက်လာခြင်းက လာမယ့် ရာသီ ဘာစီလိုနာကို ပိုမို အင်အားတောင့်တင်းသွားမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၃ ပွဲသာ ကစားခဲ့ရပြီး ဒဏ်ရာကြောင့် အနားယူခဲ့ရသူ ဖြစ်ပါတယ်။

ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကို ကတော့ သူတို့ အသင်းရဲ့ နောက်ခံလူဟောင်း ဖြစ်ခဲ့တဲ့ ယာအို ကန်ဆယ်လိုကို အားပေးစကား ပြောကြားခဲ့ပါတယ်။ ကန်ဆယ်လိုဟာ လက်ရှိ ကလပ် အဲလ်ဟီလာနဲ့ အတူ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဆိုရင်တော့ ကန်ဆယ်လိုကို အသင်းထံ ပြန်လည် ခေါ်ယူပေးဖို့ ဘာစီလိုနာ စီနီယာ အသင်းသားတွေက တိုက်တွန်းထားကြောင်းလည်း သိရပါတယ်။ လာလီဂါ ကလပ် ဗီလာရီးရဲလ် ကတော့ နာပိုလီ ဗဟိုခံစစ်မှူး ရာဖာ မာရင်ကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ် အရွယ် ဒီကစားသမား ကတော့ ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက နာပိုလီ အတွက် ၆ ပွဲသာ ကစားခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်