ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒီနွေရာသီမှာ ကစားသမား ခေါ်ယူမှု အများအပြား ပြုလုပ်ဖို့ ရှိသလို တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းချင်နေတာပါ။ နံပါတ် ၉ နေရာ အတွက် တိုက်စစ်မှူး တော်တော်များများနဲ့ သတင်းတွေ ထွက်ခဲ့တဲ့ အာဆင်နယ်က အခုလက်ရှိ မှာတော့ သူတို့ အဓိက ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပြီ ဖြစ်ကြောင်း ပေါ်တူဂီ မီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဆက်စ်ကိုလိုလို ယိုကီးရက်စ်လိုလို ဖြစ်နေရာ ကနေ အခု လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်ဟာ စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ဘက်ကို ပိုယိမ်းသွားခဲ့ပြန်ပါပြီ။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် အာဆင်နယ်က ဆွီဒင်သားကို ခေါ်ယူရေး အတွက် ဆွေးနွေးမှုတွေလည်း တိုးတက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ် အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာနဲ့ နည်းပြ မီခဲလ် အာတေးတား တို့ဟာ တိုက်စစ်မှူး များစွာကို အသေအချာ စဉ်းစား စောင့်ကြည့်ပြီးမှ ယိုကီးရက်စ်ကို အပြည့်အဝ အာရုံစိုက်လာခဲ့ပြီး ယခင် သူတို့ရဲ့ နံပါတ် ၁ ပစ်မှတ် ဖြစ်တဲ့ ဘင်ဂျာမင် ဆက်စ်ကို ကို လက်လွှတ်လိုက်ဖွယ် ရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာ အာဆင်နယ်က ယိုကီးရက်စ်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးနေရာ နောက်ဆုံး အဆင့် ကိုတောင် ရောက်ရှိနေပြီး ကစားသမားနဲ့ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ပါ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်းလည်း ဖော်ပြနေကြပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ အတွက် အဓိကကျတဲ့ ငွေကြေးပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို နှစ်ဖက်အသင်းကြား ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း သိရပါတယ်။
တစ်ဖက် မှာလည်း ကစားသမားက စပိုတင်းလစ္စဘွန်း ကနေ ထွက်ခွာဖို့ တထစ်ချ ဆုံးဖြတ်ထားပြီး လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့လည်း စိတ်ပျက်လက်ပျက် ဖြစ်နေပုံရပါတယ်။ သတင်းတွေအရ အစောပိုင်းမှာ သဘောတူညီမှု ရရှိထားတဲ့ အတိုင်း လျှော့ဈေးနဲ့ ထွက်ခွာခွင့်ပြုမယ့် သဘောတူညီချက်ကို အသင်း ဘက်က လေးစားလိုက်နာခြင်း မရှိတာကြောင့် ယိုကီးရက်စ်က စိတ်ပျက်နေတာ ဖြစ်ကြောင်း သိရပါတယ်။ စပိုတင်းလစ္စဘွန်း ဥက္ကဋ္ဌ ဖက်ဒရစ်ကို ဗယ်ရန်ဒက်စ် ကတော့ သူတိုရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ကို လက်လွှတ်သွားဖို့ ရှိကြောင်း ဝန်ခံထားခဲ့ပေမယ့် သူတို့ သတ်မှတ်ထားတဲ့ မျှတတဲ့ ဈေးနှုန်းကို မရရင်တော့ ထွက်ခွာခွင့်ပေးသွားမှာ မဟုတ်ဘူးကြောင်း ပြောဆိုထားပါတယ်။
ဒါကို ဗယ်ရန်ဒက်စ်က “စပိုတင်းလစ္စဘွန်းက သူ့ကို ရောင်းထုတ်ဖို မလိုအပ်ပါဘူး။ ဒါပေမယ့် ဗစ်တာနဲ့ တခြား ဘယ်ကစားသမားရဲ့ အိပ်မက်ကိုမဆို ကျွန်တော်တို့ အလေးထားပါတယ်။ ရက်သတ္တပတ် ပေါင်းများစွာ အစည်းအဝေးတွေ ပြုလုပ်ခဲ့ပြီးနောက် မှာတော့ ကျွန်တော်တို့ စာချုပ်ပါ လျော်ကြေးငွေကို တောင်းဆိုမှာ မဟုတ်ဘဲ ဗစ်တာ အတွက် ကျိုးကြောင်း ဆီလျော်မှုရှိတဲ့ကြေးနဲ့ တောင်းဆိုမှာပါ။ ဈေးနှုန်းနဲ့ ပတ်သက်ပြီး ဒီနေ့မှာတော့ သူထွက်ခွာဖို့ အလားအလာ များတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
“ဈေးကွက်ကို ကျွန်တော်တို့ စောင့်ကြည့်နေခဲ့ပြီး ဗစ်တာထက် ခြောက်လ ငယ်တဲ့ ဇူဘီမန်ဒီက ယူရို ၆၅ သန်းနဲ့ ထွက်ခွာသွားတာကို ကျွန်တော် တွေ့ခဲ့ပါတယ်။ တိုက်စစ်မှူးတွေ ဖြစ်တဲ့ မားသီးယက်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ ဆိုရင် ကျွန်တော့် အမြင်မှာ ဗစ်တာလောက် ဈေးကွက် တန်ဖိုး ဒါမှမဟုတ် အရည်အသွေး မရှိပေမယ့် ယူရို ၇၅ သန်း ဝန်းကျင်နဲ့ ညှိနှိုင်းနေကြတာကို တွေ့ရပါတယ်။ ကျွန်တော် ပြောနိုင်တာက ဗစ်တာဟာ ယူရို သန်း ၆ဝ + ၁ဝ သန်းနဲ့ ထွက်ခွာရမှာ မဟုတ်ဘူး၊ လုံးဝ ထွက်ခွာခွင့် မပေးပါဘူး။” ဆိုပြီး ပြောကြားထားခဲ့တာပါ။ ယိုကီးရက်စ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း သွင်းဂိုး ၁၀၀ နီးပါး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပေမယ့် အသက် ၂၆ နှစ် ဖြစ်နေတာနဲ့ သူ့ရဲ့ သွင်းဂိုး အများစုက ပေါ်တူဂီလိဂ်မှာ ရရှိထားတာ ဖြစ်လို့ ခေါ်ယူချင်တ့ အသင်းတွေက လက်တွန့်နေကြတာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ယိုကီးရက်စ်ရော၊ ဆက်စ်ကို ကိုပါ နှစ်ဖက်ခွပြီး ဆွေးနွေးထားတာ ဖြစ်ပြီး အစောပိုင်းမှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကိုနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုတော့ ယိုကီးရက်စ်နဲ့ ဆွေးနွေးမှုတွေ တိုးတက်လာတာကြောင့် စလိုဗေးနီးယား တိုက်စစ်မှူးကို လက်လွှတ်လိုက်ဖွယ်လည်း ရှိနေပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အထောင် တိုက်စစ်မှူး နေရာ အပြင် တောင်ပံ နေရာ အတွက် အီးဇီးနဲ့ ဆွေးနွေးရာမှာ တိုးတက်မှုတွေ ရှိနေသလို ခံစစ် အတွက်လည်း မော့စ်ကီရာကို ကြိုးပမ်းနေပါသေးတယ်။ ဒီကစားသမား နှစ်ဦးစလုံး ကလည်း ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် ပြောင်းရွှေ့ကြေးပဲ ညှိနှိုင်းရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.