ဘေယန်မြူးနစ်ရဲ့ ဂျာမနီ ဂန္ထဝင် တိုက်စစ် ကစားသမားကြီး သောမက်စ် မူလာ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သတ်လို့ မေးခွန်းတွေကို ပြတ်ပြတ်သားသား တုန့်ပြန်လာခဲ့ပါပြီ။ သတင်းထောက်တွေဟာ သောမက်စ် မူလာကို ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကနေ မထွက်ခွာခင် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မလား ဆိုပြီး မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို အတင်းအကြပ် မေးမြန်းမှုတွေ ကိုတော့ အသက် ၃၅ နှစ်အရွယ် ကစားသမားကြီးက အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြန်လည် ဖြေကြားလာခဲ့တာ ဖြစ်ပါတယ်။ မူလာက “ပြောရရင်တော့ အကြိမ်ပေါင်းများစွာပါပဲ။ ဒါပေမယ့် ခင်ဗျားက အခုချိန်ကို ဆိုလိုတာလား။ အခုကို ပြောတာလား။ ဟင့်အင်း။ လုံးဝပါပဲ။ ကျွန်တော်က သူတို့ အတွက် မှန်ကန်တဲ့လူ မဟုတ်သလို သူတို့ ကလည်း ကျွန်တော့် အတွက် မှန်ကန်တဲ့ ကလပ် မဟုတ်ပါဘူး။ သူတို့လည်း ပျော်ရွှင်ချင်မှာ ဖြစ်သလို ကျွန်တော် ကလည်း ကျွန်တော် ပျော်ရွှင်ချင်တယ်။ အဲ့တော့ လိုက်ဖက်မှု မရှိပါဘူးဗျာ။” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မူလာက အတိတ်တုန်း ကဆိုရင်တော့ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ဟာ ဆွဲဆောင်မှု ရှိနိုင်ပေမယ့် အခုချိန်မှာတော့ သူ့အနေနဲ့ ပျော်ရွှင်ရမှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။ ဒါနဲ့ ပတ်သတ်လို့ မူလာက CBS Sports ကို ဖြေကြားရမှာတော့ သူ့အနေနဲ့ အဲ့ဒီ အကြောင်းကို စဉ်းစားခဲ့ဖူးကြောင်း၊ အဲ့ဒီအတွေ့အကြုံကို ခံစားကြည့်ရရင် ကောင်းမှာပဲလို တွေးမိခဲ့တဲ့ အချိန်အခိုက်အတန့်တွေ ရှိကြောင်း ပြောကြားခဲ့ပါတယ်။

သောမက်စ် မူလာဟာ လက်ရှိ အချိန်ထိ ဘွန်ဒက်စ်လီဂါ ကလပ် အတွက် ကစားပေးနေဆဲ ဖြစ်ပေမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာတော့ ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ သေချာနေသူ ဖြစ်ပါတယ်။ မူလာဟာ ပြီးခဲ့တဲ့ ရာသီသိမ်းခါနီးမှာ ဘေယန်မြူးနစ် ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြုခဲ့သလို ပရိသတ်တွေကိုလည်း မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိ သူ့ အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲ ဆိုတာ မသိရသေးပါဘူး။ ဂျာမနီ ဝါရင့် တိုက်စစ် ကစားသမားကြီးဟာ အမေရိကန် မေဂျာလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေသလို ယူနိုက်တက်ကို ပြောင်းရွှေ့မှာ မဟုတ်ကြောင်း အတိအလင်း ငြင်းဆန်လိုက်တာ ဖြစ်ပါတယ်။
သောမက်စ် မူလာဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်မှာ ၂၅ နှစ် အကြာ ဖြတ်သန်းခဲ့ပြီးနောက် အဲ့ဒီထဲကမှ ၁၇ နှစ်ကို စီနီယာ အသင်းကြီး အတွက် ကစားပေးခဲ့ပါတယ်။ ဒါကြောင့် မူလာဟာ ဘေယန်မြူးနစ်ရဲ့ ကြီးကျယ် ခမ်းနားတဲ့ ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး လက်ရှိ အချိန်ထိလည်း ဥရောပ ကလပ် တော်တော်များများက အလိုရှိနေဆဲ ဖြစ်ပါတယ်။ သောမက်စ် မူလာဟာ ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ၁၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ၂ ကြိမ် ရရှိထားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန်သားက ပိုကယ်ဖလား ၆ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၂ ကြိမ်၊ ဂျာမန် စူပါဖလား ၈ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ် ရရှိထားခဲ့ပါတယ်။ မူလာဟာ ဂျာမနီ လက်ရွေးစင် အသင်းကြီး အတွက်လည်း ပွဲပေါင်း ၁၃၁ ပွဲ ကစားကာ ၄၅ ဂိုး သွင်းယူထားပြီး ၂၀၁၄ မှာလည်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကိုင်မြှောက်ထားနိုင်ပါတယ်။
လက်ရှိမှာ သောမက်စ် မူလာရဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီး ပီအက်စ်ဂျီနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဒီပြိုင်ပွဲမှာ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ် တို့လိုပဲ ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေပြီး သောမက်စ် မူလာ တစ်ယောက် သူ့သစ္စာရှိခဲ့တဲ့ ကလပ်နဲ့ နောက်ဆုံး တစ်ကြိမ် ဆုဖလား အောင်မြင်မှု ရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.