နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မာ့ခ် ဂူဟီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားတဲ့ လစ်ဗာပူးလ်၊ စီးရီးအေ ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ဟာဗေး အဲလီယော့တ် | ပရီးမီးယားလိဂ်

ဇူလိုင်လ ၂ ရက်နေ့ အတွက် နောက်ထပ် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ခရစ္စတယ်ပဲလေ့စ် ဗဟို ခံစစ်မှူး မာ့ခ် ဂူဟီနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း DaveOCOP က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်လို့တော့ ကလပ် နှစ်ခု အကြား မဆုံးဖြတ်ရသေးကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက်နဲ့ အဲလ်နာဆာ တို့ကတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ ဖေဘီယန် ရူအစ်ဇ်ကို ခေါ်ယူချင်နေတဲ့ ကလပ်တွေထဲမှာ ပါဝင်နေကြောင်း Foot Mercato က ဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံတွေ ကတော့ သူတို့ရဲ့ ကစားသမား အတွက် ကမ်းလှမ်းမှုတွေကို လက်ခံဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။ 

အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်န် ကိုတော့ မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ United in Focus ကတော့ ဒါဟာ တခြားသော အပြောင်းအရွှေ့တွေ အတွက် အင်္ဂလန် လက်ရွေးစင်ကို လှည့်စားလိုက်တာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ 

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လက်စွမ်းပြနေတဲ့ အဲလ်ဟီလာရဲ့ မော်ရိုကို လက်ရွေးစင် ဂိုးသမားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ အာလင်း ဟာလန်း ကလည်း ဘိုနိုကို ခေါ်ယူဖို့ တွန်းအားပေးနေကြောင်းလည်း သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အီဒါဆင် နေရာမှာ ရေရှည် အစားထိုးဖို့ ဂိုးသမားတစ်ဦး ခေါ်ယူဖို့ အရင် ကတည်းက စဉ်းစားထားတာ ဖြစ်ပါတယ်။

အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် တို့ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကွင်းလယ်လူ ဟာဗေး အဲလီယော့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ FootItalia က ဖော်ပြခဲ့ပါတယ်။
အဲလီယော့တ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် လက်တွန့်နေတဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်

အာဆင်နယ် ကတော့ ချဲလ်ဆီး တောင်ပံ ကစားသမား နိုနီ မာဒူခေးကို ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း ဖလော်ရီယန် ပလက်တန်ဘက်ဂျ်က ဆိုပါတယ်။ ချဲလ်ဆီး ကတော့ ဂျေမီ ဂစ်တန်စ်နဲ့ ယာအို ပက်ဒရို တို့နဲ့ သဘောတူညီမှု ရရှိပြီးနောက် မာဒူခေးကို မှန်ကန်တဲ့ ပြောင်းရွှေ့ကြေး ရရင် လက်လွှတ်သွားဖို့ ရှိနေပါတယ်။ 

ဂန်းနားတွေ ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း (ပေါင် ၆၄.၃ သန်း) နဲ့ ကမ်းလှမ်းဖို့ ရှိနေကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ဒီကစားသမားကို မခေါ်ယူနိုင်ခဲ့ရင်တော့ မန်စီးတီး၊ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် တို့က ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကတော့ ပေါ်တို တိုက်စစ်မှူး ဆာမူ အက်ဟီဟိုဝါကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ စျေးနှုန်းဟာ ယူရို သန်း ၁၀၀ (ပေါင် ၈၅.၇ သန်း) သတ်မှတ်ထားတာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် တို့ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကွင်းလယ်လူ ဟာဗေး အဲလီယော့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ FootItalia က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၈ သန်း (ပေါင် သန်း ၅၀ နီးပါး) ပေးချေရမှာ ဖြစ်ပေမယ့်လည်း လစ်ဗာပူးလ် ဘက်ကတော့ ဈေးလျှော့ပေးသွားဖို့ ရှိနေပါတယ်။

အကယ်၍ ဝက်စ်ဟမ်း အနေနဲ့ ဒီနွေရာသီမှာ မိုဟာမက် ကူဒု့စ်ကို ဆုံးရှုံးရမယ် ဆိုရင် ချဲလ်ဆီးက ကီနန် ဒူးဘာရီဟောလ် သို့မဟုတ် ကာနေး ချူကွယ်မီကာကို ပြန်လည် ခေါ်ယူဖို့ ရှိနေကြောင်း talkSPORT က ဖော်ပြပါတယ်။ Chelsea Chronicle ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဒူးစ်ဘာရီဟောလ်နဲ့ ကူဒု့စ်ကို လဲလှယ်ဖို့ ကြိုးပမ်းခဲ့သေးပေမယ့် မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်