နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဘီအေမှာ ၂၃ ရာသီမြောက် ကစားမယ့် လီဘရွန် ဂျိမ်းစ်

ဘတ်စကတ်ဘော လောကရဲ့ GOAT တစ်ဦးလို့ သတ်မှတ်ရမယ့် လီဘရွန် ဂျိမ်းစ် ကတော့ ကစားသမား ဘဝ ကနေ အနားမယူသေးပဲ အန်ဘီအေမှာ ၂၃ ရာသီမြောက် အဖြစ် စံချိန်တင် ဆက်လက် ယှဉ်ပြိုင် ကစားဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၄၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဂျိမ်းစ်ဟာ နောက်ပိုင်း နှစ်တွေမှာ ကစားသမား ဘဝ ကနေ အနားယူဖို့ စဉ်းစားနေခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီအကုန်မှာ ဆိုရင် ကစားသမား ဘဝက အနားယူဖွယ် ရှိတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း ဂျိမ်းစ်က အဲလ်အေလိတ်ကာစ်နဲ့ ဒေါ်လာ ၅၃ သန်း (ပေါင် ၄၁ သန်း) တန်ဖိုး ရှိတဲ့ တစ်နှစ် သက်တမ်းတိုး စာချုပ်ကို လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း အေးဂျင့် ဖြစ်သူ ရစ်ချ် ပေါလ်က အတည်ပြု ပြောကြားပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ပေါလ်က “လိတ်ကာစ်က အနာဂတ် အတွက် ရည်ရွယ်ပြီး အသင်းကို တည်ဆောက်နေတယ် ဆိုတာ သူသိပါတယ်။ အနာဂတ် အတွက် ပြင်ဆင်နေချိန်မှာ လတ်တလော အောင်မြင်မှု ရဖို့ ခက်ခဲတယ် ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လီဘရွန်ရဲ့ ဘဝနဲ့ အသက်မွေးဝမ်းကျောင်းမှု အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ချင်ပါတယ်။ သူက သူ့အတွက် ကျန်နေသေးတဲ့ ရာသီတိုင်းကို အကောင်းဆုံး ဆက်လုပ်ချင်နေပြီး လိတ်ကာစ် ဘက်ကလည်း ဒါကို နားလည်သလို သူ့အတွက် အကောင်းဆုံးလည်း ဖြစ်စေချင်ကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဘရွန် ဂျိမ်းစ်ဟာ ကစားသမား ဘဝမှာ အန်ဘီအေ ချန်ပီယံ ၄ ကြိမ်၊ အိုလံပစ် ရွှေတံဆိပ်ဆု ၃ ကြိမ် အပါအဝင် တခြားသော တစ်ဦးချင်း အောင်မြင်မှု များစွာ ရရှိထားသူ ဖြစ်ပါတယ်။
အဲလ်အေလိတ်ကာစ်နဲ့ တစ်ရာသီ သက်တမ်းတိုးခဲ့တဲ့ လီဘရွန် ဂျိမ်းစ်

လီဘရွန် ဂျိမ်းစ်ဟာ အသက်အရွယ် အားဖြင့် ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့်လည်း ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေ ပြသနိုင်ဆဲ ဖြစ်သလို စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကလည်း အမြင့်ဆုံးမှာ ရှိနေပြီး ဆာလောင်စိတ် အပြည့်နဲ့ မြင်တွေ့နေရဆဲပါ။ လီဘရွန်ဟာ လာမယ့် ဒီဇင်ဘာလမှာ အသက် ၄၁ ပြည့်မှာ ဖြစ်ပြီး သူဟာ မင်နီဆိုးတား တင်းဘားဝုဗ်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ၅ မှာ ဘယ်ဘက် ဒူးဆစ်မှာ အဆင့် ၂ ရှိတဲ့ MCL Sprain ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ လီဘရွန်ဟာ ရာသီကုန်ခါနီးမှာ ဒဏ်ရာရခဲ့ပေမယ့်  အခု တစ်ပတ်မှာ လေ့ကျင့်ရေးတွေ ပြန်လည် စတင်နေခဲ့ပြီး သူ့ရဲ့ သားဖြစ်သူ ဘရွန်နီ ဂျိမ်းစ်နဲ့ အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

“ကျွန်တော့်မှာ ဒဏ်ရာတွေ၊ ဒူးခေါင်းနဲ့ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဂရုစိုက်ဖို့ အချိန် အများကြီး ရထားပါတယ်။ စက်တင်ဘာလ နှောင်းပိုင်း လေ့ကျင့်ရေးတွေ စတင်တဲ့ အခါ တတ်နိုင်သမျှ ၁၀၀ ရာခိုင်နှုန်းပြည့် ကောင်းမွန်နေစေဖို့ ကြိုးစားနေပါတယ်။” လီဘရွန် ဂျိမ်းစ်က The Associated Press ကို ပြောကြားခဲ့ပါတယ်။

လီဘရွန် ဂျိမ်းစ်ဟာ အန်ဘီအေ ပြိုင်ပွဲမှာ ၂၂ ရာသီ ဆက်တိုက် ပါဝင်ကစားထားပြီးတော့ ဗင့်စ် ကာတာနဲ့ အတူ ပူးတွဲ စံချိန်တင်ထားခဲ့ပါတယ်။ အကယ်၍ လီဘရွန် အနေနဲ့ လာမယ့် ရာသီ ဆက်လက် ကစားမယ် ဆိုရင်တော့ စံချိန်သစ် တင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ရောဘတ် ပါရစ်ရှ်ရဲ့ ပွဲအများဆုံး ကစားထားတဲ့ ၁၆၁၁ ပွဲ စံချိန်ကို လိုက်မီဖို့ ၄၉ ပွဲသာ လိုတော့ပြီး ရမှတ် အများဆုံး ရရှိထားတဲ့ ကစားသမား အဖြစ် ၄၂၁၈၄ မှတ်နဲ့ စံချိန်တင်ထားပါတယ်။ လီဘရွန် ဂျိမ်းစ်ဟာ ကစားသမား ဘဝမှာ အန်ဘီအေ ချန်ပီယံ ၄ ကြိမ်၊ အိုလံပစ် ရွှေတံဆိပ်ဆု ၃ ကြိမ် အပါအဝင် တခြားသော တစ်ဦးချင်း အောင်မြင်မှု များစွာ ရရှိထားသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်