နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးရဲ့ လူစာရင်းကို လျှော့ချသွားမယ့် ပပ် ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ အသင်းရဲ့ လူစာရင်းကို လျှော့ချသွားမယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အဓိက ကတော့ ဂွါဒီယိုလာက အသင်းမှာ ဝမ်းနည်းနေတဲ့ ကစားသမားတွေ မရှိစေလိုတဲ့ အတွက် လူစာရင်းကို လျှော့ချမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပပ် ဂွါဒီယိုလာ ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူမှု မပြုလုပ်ခင်ကတည်းက အသင်းကို ကျစ်ကျစ်လျစ်လျစ် တည်ဆောက်သွားချင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်ဟာ လက်ရှိအချိန် အထိ သူတို့ ရောင်းထုတ်လိုတဲ့ ကစားသမားတွေကို ရောင်းထုတ်နိုင်ခြင်း မရှိသေးပဲ ကစားသမားသစ် ၄ ဦးလည်း ထပ်တိုး ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ပပ် ဂွါဒီယိုလာ အဲလ်အင်နဲ့ ကစားမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ လူစာရင်းလျှော့ချသွားမယ့် အကြောင်းကို အခုလိုပဲ ထပ်မံ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာက “အသင်းမှာ ရှိတဲ့ ကစားသမားတွေ အားလုံးကို ကျွန်တော် ချစ်ပါတယ်။ ပြဿနာက သူတို့ အနေနဲ့ မပျော်မရွှင် ဖြစ်လာမှာကို စိတ်ပူပါတယ်။ သူတို့ ဝမ်းနည်းနေမယ်။ သူတို့ စိတ်ပျက်နေမယ်။ အဲဒီလိုမျိုးတော့ ကျွန်တော် မဖြစ်စေချင်ပါဘူး။ ပြဿနာက ကျွန်တော့် အတွက် မဟုတ်ပါဘူး။ ကျွန်တော်က ရွေးချယ်စရာတောင် ပိုများပါသေးတယ်။ ဒါပေမယ့် အပို ၆ ယောက်၊ ၇ ယောက် ရှိနေတာကို ကျွန်တော် သဘောမကျပါဘူး။ ဘာတွေ ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ အချိန်တွေ အများကြီး ကျန်နေပါသေးတယ်။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ် အရွယ် ဂျာမန် ကွင်းလယ် ကစားသမား ကတော့ ပရီးမီးယားလိဂ် ထိပ်သီး တို့နဲ့ စာချုပ် သက်တမ်း ၁ နှစ် ကျန်ရှိနေပါသေတးယ်။
ကစားသမားတချို့ကို မကြာခင်မှာ ရောင်းထုတ်သွားမယ့် မန်စီးတီး

မန်ချက်စတာစီးတီးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကစားသမားသစ် ရေယန် ချာကီ၊ ရေယန် အစ်နျူရီ၊ တီဂျန်နီ ရီအင်ဒါနဲ့ မားကပ်စ် ဘက်တင်နယ်လီတို့ အပါအဝင် ကစားသမား ၂၇ ဦးကို အမေရိကန်ဆီ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲဆီ မထွက်လာခင်မှာ ဒဏ်ရာရနေတဲ့ မက်တေးယို ကိုဗာချစ်နဲ့ အတူ ဂျက် ဂရီးလစ်ရှ်၊ ကိုင်လ် ဝေါလ်ကာ၊ ကယ်ဗင် ဖီးလစ်နဲ့ မက် အတီး တို့ကိုတော့ လူစာရင်း ကနေ ချန်လှပ်ခဲ့ပါတယ်။ ဂွာဒီယိုလာက ပြီးခဲ့တဲ့ ရာသီအကုန်တုန်းကလည်း ဖောင်းပွနေတဲ့ အသင်းနဲ့ အလုပ် တွဲလုပ်ရမယ် ဆိုရင် နှုတ်ထွက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ဂါလာတာဆာရေးရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ အိုင်ခေး ဂွန်ဒိုအန်ရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ ESPN က ဂွါဒီယိုလာကို မေးမြန်းရာမှာတော့ အခုလိုပဲ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။ ဂွါဒီယိုလာက “ကျွန်တော် ဘာမှမသိပါဘူး။ ကျွန်တော် သူနဲ့ စကားမပြောရသေးပါဘူး။ သူသာ အသင်းမှာ မပါဝင်ဘူး ဆိုရင် သူ ဒီမှာ ရှိနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ၊ ကျွန်တော် တို့မှာ ကစားသမားတွေ များပြားလွန်းနေတယ်။ ဒါကြောင့် ဒီရာသီမှာ ကစားသမား ၂၆ ယောက်၊ ၂၇ ယောက်နဲ့ ကစားနိုင်မှာ မဟုတ်ပဲ နောက်ထပ် ကစားသမားတွေလည်း ထပ်ပြီး ပြောင်းရွှေ့သွားတော့မှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ အိုင်ခေး (ဂွန်ဒိုအန်)ဟာ ကျွန်တော့်ရဲ့ စိတ်နဲ့ အစုအဖွဲ့ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ် ဂျာမန် ကွင်းလယ် ကစားသမား ကတော့ ပရီးမီးယားလိဂ် ထိပ်သီး တို့နဲ့ စာချုပ် သက်တမ်း ၁ နှစ် ကျန်ရှိနေပါသေတးယ်။ ဒါပေမယ့်လည်း ရိုဒရီ ဒဏ်ရာက ပြန်လည် သက်သာလာချိန်နဲ့ အေစီမီလန်က ရီအင်ဒါ ရောက်ရှိလာချိန် မှာတော့ ဂွန်ဒိုအန် အနေနဲ့ သူ့ရဲ့ နေရာ အတွက် ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်နေရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်