နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ သူ ဘယ်သူလဲ ဆိုတာ သက်သေပြသွားမယ် ဆိုတဲ့ ယာမယ်

စပိန် လူငယ် တိုက်စစ် ကြယ်ပွင့် လာမင်း ယာမယ် ကတော့ ပေါ်တူဂီနဲ့ ကစားရမယ့် နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ သူ ဘယ်သူလဲ ဆိုတာ သက်သေပြသွားမယ်လို့ ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။ ယာမယ်ရဲ့ စပိန် ကတော့ နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပြီး လက်ရှိ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းဖို့လည်း ကြိုးစားရမှာပါ။ 

ယာမယ်က ပေါ်တူဂီနဲ့ ကစားရမယ့် ပွဲဟာ သူ ကစားချင်တဲ့ ပွဲမျိုး ဖြစ်ပြီးတော့ သူ ဘယ်သူလဲ ဆိုတာ သက်သေပြသွားမယ်လို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ယာမယ်က “ပေါ်တူဂီလို ကြီးကျယ် ခမ်းနားတဲ့ အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်လို့ ကျွန်တော်တို့ စိတ်အား ပိုပြီး တက်ကြွနေပါတယ်။ ကျွန်တော်က အဲဒီလို ပွဲမျိုးတွေ ကစားချင်တာပါ။ အဲဒီပွဲမှာ ကျွန်တော် ဘယ်သူလဲ ဆိုတာကို သက်သေပြသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ 

ယာမယ် ကတော့ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ အသက် ၄၀ ကျော်နေပေမယ့် ခြေစွမ်းပြနေဆဲ GOAT ကြီး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပထမဦးဆုံး အကြိမ် အဖြစ် ထိပ်တိုက် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေ အပေါ်မှာလည်း ယာမယ်က “ရော်နယ်ဒိုက ဘောလုံးလောကရဲ့ ဂန္ထဝင်ပါ။ ကစားသမား အားလုံးကို ကျွန်တော် လေးစားသလို ခရစ္စတီယာနို ရော်နယ်ဒို အပေါ် မှာလည်း ကျွန်တော် လေးစားမှု အပြည့် ရှိပါတယ်။ ကျွန်တော့် အလုပ်ကို ကျွန်တော် လုပ်မှာပါ။ အဲဒါက အနိုင်ရဖို့ပါပဲ။” လို့လည်း ပြောကြားခဲ့ပါသေးတယ်။ 

ယာမယ် ကတော့ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ အသက် ၄၀ ကျော်နေပေမယ့် ခြေစွမ်းပြနေဆဲ GOAT ကြီး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပထမဦးဆုံး အကြိမ် အဖြစ် ထိပ်တိုက် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ ပထမဦးဆုံး အကြိမ် ထိပ်တိုက် တွေ့ဆုံရတော့မယ့် ယာမယ်

အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ လာမင်း ယာမယ်က ဒီနှစ် အတွင်း ဘာစီလိုနာ မှာရော စပိန် လက်ရွေးစင် အသင်း အတွက်ပါ အထင်ကြီး လေးစားစရာ ခြေစွမ်းတွေ ပြသထားနိုင်သူ ဖြစ်ပါတယ်။ ယာမယ်ဟာ ပြင်သစ်ကို ၅-၄ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဆိုရင် အနိုင် ၂ ဂိုး သွင်းကာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ယာမယ်ဟာ ၂၀၂၅ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် ရေပန်းစားနေတဲ့ ကစားသမား စာရင်းမှာ ထိပ်ဆုံး ၃ နေရာ အတွင်း ရှိနေပါတယ်။ အကယ်၍ ယာမယ် ဘယ်လွန်ဒေါဆု ရယူနိုင်ခဲ့မယ် ဆိုရင်တော့ အသက် ၂၀ မတိုင်ခင် ဒီဆုကို ရရှိသူ အဖြစ် မှတ်တမ်းဝင်သွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဘယ်လွန်ဒေါဆု အတွက် ထိပ်ဆုံးမှာ ရှိနေသူက Treble ချန်ပီယံ ဖြစ်ထားတဲ့ ပီအက်စ်ဂျီက အူစမန်နီ ဒမ်ဘီလီ ဖြစ်ပါတယ်။ ဒါကြောင့် ယာမယ် အနေနဲ့ ဘယ်လွန်ဒေါ ရရှိဖို့ အတွက် ဆိုရင်တော့ စပိန်နဲ့ အတူ နေးရှင်းလိဂ်မှာ ဗိုလ်စွဲဖို့တော့ လိုအပ်နေတာ ဖြစ်ပါတယ်။

စပိန်ဟာ နေးရှင်းလိဂ် ဗိုလ်လုပွဲ အဖြစ် ဇွန်လ ၈ ရက်နေ့ အလိုင်းယန့်ဇ် အရီနာမှာ ပေါ်တူဂီနဲ့ ကစားရမှာ ဖြစ်ပါတယ်။ စပိန်ဟာ ပေါ်တူဂီနဲ့ တွေ့ဆုံချိန်တိုင်း ခက်ခဲရလေ့ ရှိတာကြောင့် ဒီတစ်ကြိမ်လည်း လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် တစ်ဖက်က ပေါ်တူဂီ ကလည်း အတွေ့အကြုံရှိ ကစားသမားတွေနဲ့ လက်ရှိ ကမ္ဘာ့အဆင့် ကစားသမားတွေ ပေါင်းစပ်ထားတာကြောင့် စပိန်လို အသင်းကောင်း တစ်သင်း အတွက် အတားအဆီး တစ်ခု ဖြစ်လာဦးမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်