ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ အေစီမီလန် ကွင်းလယ်လူ တီဂျန်နီ ရီအင်ဒါရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆွေးနွေးမှုတွေ ကလည်း တိုးတက်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် မကြာခင်မှာ အပြောင်းအရွှေ့ ကိစ္စတွေ အပြီးသတ်နိုင်မယ်လို့ မန်စီးတီး ဘက်က ယုံကြည်နေတယ်လို့ သိရပါတယ်။
Sky Sport Italia ရဲ့ ဖော်ပြချက်အရ အေစီမီလန်နဲ့ ပရီးမီးယားလိဂ် ကလပ်တို့ အကြား ရီအင်ဒါရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေက အပြီးသတ်နိုင်မယ့် အခြေအနေကို ရောက်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ရီအင်ဒါဟာ ဒီရာသီ စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပထိပ်တန်း ကလပ်တွေက ရီအင်ဒါကို စိတ်ဝင်စားနေကြပြီး မန်စီးတီးက သူတို့ရဲ့ ဗဟိုကွင်းလယ် နေရာ အတွက် ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် မှာပဲ ရီအင်ဒါကို ခေါ်ယူဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Sky Sport Italia ရဲ့ သတင်းထောက် ပက်ပီ ဒီစတက်ဖီနိုက “မီလန်ဟာ ရာသီအကုန်မှာ ချက်ချင်းဆိုသလို အဓိက ကစားသမား တစ်ဦး ရောင်းချနိုင်တယ်လို့ ကျွန်တော် တို့ကို ရက်အနည်းငယ် ကတည်းက သတင်းရခဲ့ပါတယ်။ အဲဒါ ကတော့ တီဂျန်နီ ရီအင်ဒါပါပဲ။ မန်ချက်စတာစီးတီးနဲ့ ဆွေးနွေးမှုတွေဟာ အဆင့်မြင့် အခြေအနေ ကိုတောင် ရောက်ရှိနေပါပြီ။”လို့ ပြောကြားခဲ့ပါတယ်။ တီဂျန်နီ ရီအင်ဒါက မကြာသေးခင်ကမှ အေစီမီလန်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် ဒီရာသီ ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၁၅ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ပါတယ်။ ဒါကြောင့် နယ်သာလန်သားကို ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပရဲ့ ထိပ်တန်း ကလပ်တွေက မျက်စိကျနေပြီး ဒီအပြောင်းအရွှေ့မှာ မန်စီးတီးက ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတုန်း ကလည်း ရီအင်ဒါကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်ခဲ့ဖူးပါတယ်။ အေစီမီလန်ဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ အတွက် ဥရောပ ပြိုင်ပွဲ ဝင်ခွင့် မရရှိတာကြောင့် ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီးတော့ အသင်းက ကြယ်ပွင့် ကစားသမား တချို့ကို ရောင်းချဖို့ စဉ်းစားနေရပြီလည်း ဖြစ်ပါတယ်။ ယနေ့ထုတ် Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ရီအင်ဒါကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ကလပ် အပါအဝင် မန်ချက်စတာစီးတီး အပြင် ရီးရဲလ်မက်ဒရစ် ကလည်း ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။ ဒါပေမယ့်လည်း အေစီမီလန်က ၎င်းတို့ရဲ့ ကွင်းလယ် ကြယ်ပွင့်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ကလည်း ရီအင်ဒါကို ဒီနွေရာသီ အတွက် အသင်းကို ပြန်လည် တည်ဆောက်ရာမှာ အရေးပါတဲ့ အစိတ်အပိုင်း အဖြစ် ရှုမြင်နေကြတာ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရောက်ရှိလာရင်တော့ အေစီမီလန် ဘက်က အခြေအနေတွေကို အသေအချာ အကဲဖြတ်သွားမယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.