ညက စီးရီးအေရဲ့ ရာသီ အပိတ် ပွဲစဉ် တချို့ ယှဉ်ပြိုင် ကစားသွားခဲ့ရာမှာတော့ ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နေတဲ့ အင်တာမီလန်ရော၊ နာပိုလီပါ ၂-၀ ရလဒ်တွေနဲ့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန်ထက် ၁ မှတ် အသာရနေတဲ့ အန်တိုနီယို ကွန်တီရဲ့ နာပိုလီ ကသာ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
နာပိုလီနဲ့ ကက်ဂလီယာရီ ပွဲစဉ် ကတော့ သိပ်ပြီး အကြိတ်အနယ် မရှိခဲ့ပဲ အိမ်ရှင် အသင်းကပဲ တစ်ဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ချန်ပီယံဆု အတွက် အမှားခံလို့ မရတဲ့ ပွဲစဉ် ဖြစ်တာကြောင့် နာပိုလီတို့ လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နာပိုလီ အတွက် အနိုင်ဂိုးတွေ ကိုတော့ မက်တော်မီနေးနဲ့ လူကာကူ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲအပြီး မှာတော့ မက်တော်မီနေးက ဒီရာသီ စီးရီးအေရဲ့ အကောင်းဆုံး ကစားသမားဆု ကိုလည်း ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။
နည်းပြ အန်တိုနီယို ကွန်တီ အနေနဲ့ သူ့ရဲ့ နည်းပြ ဘဝ သက်တမ်း တစ်လျှောက် စီးရီးအေ ချန်ပီယံဆုကို ၅ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝမှာ ရရှိခဲ့တဲ့ စီးရီးအေ ချန်ပီယံဆုနဲ့ ပေါင်းလိုက်ရင်တော့ ၁၀ ကြိမ်မြောက် ဖြစ်ပါတယ်။ ကွန်တီဟာ ကစားသမားဘဝမှာ စကူဒက်တို ချန်ပီယံဆုကို ဂျူဗင်တပ်စ်နဲ့ ၅ ကြိမ် ရရှိခဲ့ပြီး နည်းပြဘဝ မှာလည်း ဂျူဗင်တပ်စ်နဲ့ ၃ ကြိမ်၊ အင်တာမီလန်နဲ့ ၁ ကြိမ်၊ နာပိုလီနဲ့ ၁ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နာပိုလီ ကလည်း အသင်း သမိုင်းတစ်လျှောက် စီးရီးအေ ချန်ပီယံဆုကို ၄ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်သလို ၃ နှစ် အတွင်း ၂ ကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ထူးခြားချက်က ကွန်တီဟာ သူကိုင်တွယ်ခဲ့တဲ့ စီးရီးအေ ထိပ်တန်း ကလပ်တိုင်းနဲ့ ချန်ပီယံဆု ရယူနိုင်သူ ဖြစ်လာခဲ့ပါတယ်။

တစ်ဖက်မှာ အင်တာမီလန် ကတော့ တစ်ယောက်လျော့ ကိုမိုကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် နာပိုလီရဲ့ နိုင်ပွဲကြောင့် စီးရီးအေ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ အင်တာမီလန်ဟာ ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်အသာနဲ့ ကစားခဲ့ရတာ ဖြစ်ပြီး ဒီဗရစ်ဂျ်၊ ကော်ရီယာ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်ဟာ စကူဒက်တို ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမယ့် နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင်ခဲ့ရပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီနဲ့လည်း ၁ မှတ်သာ ကွာဟခဲ့ပါတယ်။ ဒါ့အပြင် အင်တာမီလန်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိနေတာကြောင့် ဥရောပ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။
ဒီနေ့ ပွဲစဉ် ၂ ပွဲ အပြီးမှာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွက် စီးရီးအေ ချန်ပီယံ ထွက်ပေါ်ခဲ့ပေမယ့် ဘယ်အသင်းတွေ ဥရောပ ဝင်ခွင့် ရရှိသွားမလဲ ဘယ်အသင်းတွေ တန်းဆင်းသွားမလဲ ဆိုတာတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီနဲ့ အတူ အင်တာမီလန်နဲ့ အတ္တလန္တာ တို့က ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားခဲ့ပြီး ဂျူဗင်တပ်စ်၊ ရိုးမားနဲ့ လာဇီယို တို့ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် လက်ကျန် ၁ နေရာ အတွက် ဆက်လက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖီအိုရင်တီးနားနဲ့ ဘိုလော့ဂ်နာ တို့ကလည်း ဥရောပ ဝင်ခွင့် အတွက် အသီးသီး မျှော်လင့်ချက် ရှိနေပေမယ့် အေစီမီလန် ကတော့ လာမယ့် ရာသီ ဥရောပ ပြိုင်ပွဲ ကစားရတော့မှာ မဟုတ်ပါဘူး။
ဗင်နီဇီယာနဲ့ မွန်ဇာ တို့ကတော့ စီးရီးအေ ကနေ တန်းဆင်းသွားပြီ ဖြစ်ပေမယ့် တန်းဆင်းရမယ့် နောက်ထပ် တစ်နေရာ အတွက်တော့ အမ်ပိုလီ၊ လက်ချီ၊ ပါးမားနဲ့ ဗီရိုနာ တို့ ရာသီပိတ်ပွဲမှာ အကြိတ်အနယ် နွှဲရဦးမှာ ဖြစ်ပါတယ်။ လက်ချီနဲ့ ပါးမား တို့ဟာ အသင်းကြီးတွေနဲ့ တွေ့ဆုံနေပြီး အမ်ပိုလီ ကတော့ ဗီရိုနာနဲ့ တွေ့ဆုံနေလို့ တန်းမဆင်းရရေး မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.