နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ ကစားဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တဲ့ ဒါဝင် နူညက်ဇ် | လာလီဂါ

ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း တဖြည်းဖြည်း များလာခဲ့ပြီ ဖြစ်ပါတယ်။ နူညက်ဇ်ဟာ လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အန်ဖီးလ်ကို စွန့်ခွာနိုင်ချေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။

ဒါဝင် နူညက်ဇ်ဟာ ဆော်ဒီပရိုလိဂ် ကလပ်တွေနဲ့ တခြားသော ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရပြီးနောက် လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ ရှိလာခဲ့တာ ဖြစ်ပြီး သတင်းတွေ ထွက်နေသလိုပဲ အက်တလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒါဝင် နူညက်ဇ်ဟာ ၂၀၂၂ နွေရာသီ အပြောင်းအရွှေ့မှာ အပိုဆုကြေးတွေ အပါအဝင် ပေါင် ၈၅ သန်းနဲ့ ဘင်ဖီကာ ကနေ လစ်ဗာပူးလ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ နူညက်ဇ်ဟာ လစ်ဗာပူးလ်ရဲ့ ဂန္တဝင် နည်းပြကြီး ယာဂင် ကလော့ပ် စိတ်ကြိုက် ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပြီး စံချိန်တင် ပြောင်းရွှေ့ကြေး အသုံးပြုခဲ့ရပေမယ့် မျှော်လင့်ထားသလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲပါဘူး။

ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိခဲ့တဲ့ နူညက်ဇ်ဟာ မာဆေးလ်ဆိုက်ဒ် ကလပ်မှာ ဝေဖန်မှု များစွာနဲ့ တောက်လျှောက် ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကလော့ပ်ဟာ နူညက်ဇ်ရဲ့ ခြေစွမ်းပိုင်း တိုးတက်လာရေး အတွက် နည်းမျိုးစုံနဲ့ အကူအညီ ပေးခဲ့သေးပေမယ့် ကစားသမား ကတော့ ပွဲစဉ် တော်တော်များများမှာ အံ့အားသင့်စရာ လွဲချော်မှုတွေ ရှိခဲ့ပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်း ကိုပါ ခံခဲ့ရပါတယ်။ ဒါဝင် နူညက်ဇ်ဟာ နည်းပြသစ် အာနေး ဆလော့တ် လက်ထက် မှာလည်း ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပြီးတော့ ဒီရာသီ ပြိုင်ပွဲစုံ ၄၆ ပွဲထွက် ကစားခွင့်ရခဲ့ပေမယ့်လည်း ပွဲအများစုမှာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခွင့်ရခဲ့သလို သွင်းဂိုး အနေနဲ့လည်း ၇ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိတော့ လာလီဂါ ကလပ်ဟာ နူညက်ဇ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသည့် တိုင်အောင် လစ်ဗာပူးလ် ဘက်ကို ကမ်းလှမ်းမှု တစ်စုံတရာ ပြုလုပ်ထားခြင်း မရှိသေးပါဘူး။
နူညက်ဇ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားတဲ့ အက်တလက်တီကိုမက်ဒရစ်

ဒါကြောင့် သတင်းတွေအရ ဆိုရင် ဒါဝင် နူညက်ဇ် အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။ သူ့ကို ခေါ်ယူဖို့ အတွက် စီးရီးအေ ထိပ်သီး နာပိုလီ၊ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားခဲ့ကြပါတယ်။ လက်ရှိမှာတော့ စပိန် မီဒီယာတွေရဲ့ ဖော်ပြချက် အရ ဒါဝင် နူညက်ဇ်ဟာ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ ကစားဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ ဒီရာသီအကုန်မှာ တိုက်စစ် ကစားသမား အိန်ဂျယ် ကော်ရီယာကို လက်လွှတ်ရဖို့ ရှိနေပြီး သူ့ရဲ့ နေရာမှာ ဒါဝင် နူညက်ဇ်နဲ့ အစားထိုးဖို့ အတွက် ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဒီယေဂို ဆီမြွန်နီ ကလည်း ဒါဝင် နူညက်ဇ်ကို ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ တွဲဖက် ကစားစေပြီး တိုက်စစ်ပိုင်းကို တောင့်တင်းအောင် ပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ အချိန်ထိတော့ လာလီဂါ ကလပ်ဟာ နူညက်ဇ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသည့် တိုင်အောင် လစ်ဗာပူးလ် ဘက်ကို ကမ်းလှမ်းမှု တစ်စုံတရာ ပြုလုပ်ထားခြင်း မရှိသေးပါဘူး။

ဒါဝင် နူညက်ဇ်ဟာ လစ်ဗာပူးလ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်တာကြောင့်တော့ အက်တလက်တီကိုမက်ဒရစ် အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်ကို ကျိန်းသေပေါက် ပေးချေရဖွယ် ရှိနေပါတယ်။ လစ်ဗာပူးလ် ကလည်း ဒါဝင် နူညက်ဇ်ကို ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပေါင် ၈၅ သန်းကို အရှုံးခံ ရောင်းထုတ်ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်နေပေမယ့်လည်း နည်းပါးလွန်းတဲ့ ပြောင်းရွှေ့ကြေး ကိုတော့ လက်ခံဖွယ် မရှိကြောင်း သိရပါတယ်။ ဒါဝင် နူညက်ဇ်ဟာ လစ်ဗာပူးလ် အတွက် ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၄၂ ပွဲ ကစားပြီး ဂိုး ၄၀ သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်