ဘရိုက်တန် – လစ်ဗာပူးလ်
ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ ရဲ့ နောက်ကျ ပွဲစဉ် အဖြစ် ဘရိုက်တန်နဲ့ လစ်ဗာပူးလ်တို့ American Express ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ အန်ဖီးလ်မှာ ဘရိုက်တန်ကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရထားခဲ့တဲ့ လစ်ဗာပူးလ်တို့ ဇင်ယော်တွေကို အဝေးကွင်းမှာရော အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘရိုက်တန် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ အခုပွဲမှာ ပြိုင်ဘက်က ချန်ပီယံ ဖြစ်ထားပြီးတာကြောင့် အမှတ်မလိုအပ်တော့သလို ဘရိုက်တန် အတွက် ကတော့ ယူရိုပါကွန့်ဖရင့်လိဂ် ခြေစစ်ပွဲ အတွက် အမှတ်လိုအပ်နေဆဲ ဖြစ်ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိနေတဲ့ ဘရိုက်တန် အတွက် မျှော်လင့်ချက်က အဆင့် ၈ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။ အိမ်ကွင်း ပွဲစဉ် ဖြစ်နေတာကြောင့်တောင့် ဘရိုတန်တို့ အိမ်ရှင် ပရိသတ် ရှေ့မှောက်မှာ တတ်နိုင်သလောက် အမှတ်ရအောင် ယူပါလိမ့်မယ်။ အဓိက ကတော့ ချန်ပီယံ အသင်းကို သူတို့ ဘယ်လိုမျိုး ကစားပြနိုင်တယ် ဆိုတာ သက်သေပြဖို့ ကြိုးစားမယ့် ပွဲလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ထားပေမယ့် ချန်ပီယံ ဖြစ်ထားပြီးပါပြီ။ လစ်ဗာပူးလ် အတွက် ဒီပွဲရဲ့ ရလဒ်က ဂုဏ်သိက္ခာ အတွက်ပဲ အရေးပါတော့တာကြောင့် ပြီးခဲ့တဲ့ နှစ်ပွဲလိုပဲ သက်တောင့်သက်သာ ကစားသွားဖို့ များပါတယ်။ ဆလော့တ် အနေနဲ့ ကစားသမားနဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲ တချို့ ပြုလုပ်ပြီး ကစားမယ့် သဘော ရှိပါတယ်။ တစ်ခု ရှိတာက လစ်ဗာပူးလ်က ဘရိုက်တန် အိမ်ကွင်းမှာဆိုရင် နည်းနည်း ရုန်းကန်ရတတ်တာ တွေ့ရပြီး နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲ ရှုံးပြီး ၁ ပွဲ သရေကျထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း

ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုက်ဖာ၊ ဒန့်ခ်၊ ဗန် ဟက်ကီ၊ အက်စတူပီနန်၊ ဘာလီဘ၊ အယာရီ၊ မင်တာ့ရ်၊ ပက်ဒရို၊ မီတိုမာ၊ ဝဲလ်ဘက်ခ်
လစ်ဗာပူးလ် – အလီဆွန်၊ ဘရက်ဒ်လီ၊ ကွမ်ဆာ၊ ဗန်ဒိုက်ခ်၊ ဆီမီကတ်စ်၊ အန်ဒို၊ မက်အယ်လစ္စတာ၊ ဆာလာ၊ ဂျုံးစ်၊ ဂက်ခ်ပို၊ ဒီးယက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၃ ကြိမ်သာ အနိုင်ရခဲ့ပြီး လစ်ဗာပူးလ်က ၁၂ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ လစ်ဗာပူးလ်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး ဘရိုက်တန်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ဘရိုက်တန်က ၁ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၂ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ဘရိုက်တန်က ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပြီး လစ်ဗာပူးလ် ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၂.၄၉ ဆ နီးပါး ရမှာ ဖြစ်ပြီး လစ်ဗာပူးလ် နိုင်ရင်တော့ ၂.၃၇ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၅၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးနဲ့ လစ်ဗာပူးလ် ဘက်က ခပ်ပါးပါးကြေး ပေးထားပါတယ်။ ဂိုးပေါင်းကြေး ကတော့ ၃ လုံး ကနေ စဖွင့်ပါတယ်။ သေချာတာက လစ်ဗာပူးလ်က လက်ကျန် ပွဲတွေကို ခံစားချက် မရှိတော့ပါဘူး။ မရှုံးရုံလောက်ပဲ ထိန်းကစားဦးမှာပါ။ ဘရိုက်တန် ကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ ခံယူချက် တစ်ခုနဲ့ အားထည့် ကစားပါလိမ့်မယ်။ ကျွန်တော် ကတော့ ဒီပွဲမှာ အိမ်ရှင် ဘက်မှာပဲ ရှိနေချင်ပါတယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၂-၁ လစ်ဗာပူးလ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.