နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗလာဟိုဗစ်ကိုယူရို ၄၅ သန်းနဲ့ ခေါ်ယူမယ့် နယူးကာဆယ်၊ ဥရောပထိပ်တန်းကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ သီယော| စီးရီးအေ

စီးရီးအေအပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

စီးရီးအေကလပ်ဂျူဗင်တပ်စ်တိုက်စစ်မှူးဒူဆန်ဗလာဟိုဗစ်ကိုတော့အာဆင်နယ်၊ချဲလ်ဆီး၊ယူနိုက်တက်နဲ့နယူးကာဆယ်တို့ကခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ဆားဘီးယားတိုက်စစ်မှူးကတော့ပရီးမီးယားလိဂ်မှာတစ်နှစ်လုပ်ခလစာယူရို၁၀လိုချင်နေပြီးနယူးကာဆယ်ကလည်းယူရို၄၅သန်း (ပေါင်၃၈.၆သန်း) နဲ့ခေါ်ယူဖို့ပြင်ဆင်ထားပါတယ်။

ဘာစီလိုနာကတော့လက်ရှိအက်စတွန်ဗီလာမှာအငှားနဲ့သွားရောက်ကစားနေတဲ့မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမားကပ်ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့အတွက်ယူရိုသန်း၄၀ (ပေါင်၃၄.၃သန်း) နဲ့ကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။ဘာစီလိုနာဟာအသင်းကနေထွက်ခွာဖို့ရှိနေတဲ့အန်ဆုဖာတီနေရာမှာရက်ရှ်ဖို့ဒ်နဲ့အစားထိုးချင်နေပြီးဖာတီကိုတော့ရီးရဲလ်ဆိုစီဒက်ထံအငှားချဖို့ရှိနေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းကတော့ကိုယ်ပိုင်အသုံးစရိတ်တိုးမြှင့်နိုင်ဖို့အတွက်မိုဟာမက်ကူဒု့စ်ကိုဒီနွေရာသီမှာရောင်းချဖို့ဆန္ဒရှိနေပါတယ်။တိုက်စစ်နေရာစုံမှာကစားနိုင်တဲ့ဂါနာလက်ရွေးစင်ကစားသမားကိုတော့အာဆင်နယ်၊ချဲလ်ဆီးနဲ့လစ်ဗာပူးလ်တို့ကစိတ်ဝင်စားနေပါတယ်။

လက်စတာစီးတီးကတော့ပရီးမီးယားလိဂ်ကနေတန်းဆင်းသွားရပြီးနောက်ဂိုးသမားမက်စ်ဟာမန်ဆန်အတွက်ကမ်းလှမ်းမှုတွေကိုတော့နားစွင့်သွားတော့မယ်လို့သိရပါတယ်။ဒီဂိုးသမားကိုတော့ချဲလ်ဆီးနဲ့မန်ချက်စတာယူနိုက်တက်တို့ကတော့ခေါ်ယူချင်နေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။

စီးရီးအေကလပ်အေစီမီလန်ဗဟိုခံစစ်မှူးမလစ်ခ်သီယောကိုဥရောပတစ်ဝှမ်းမှာရှိတဲ့ကလပ်အသင်းပေါင်းများစွာကအလိုရှိနေတယ်လို့သိရပါတယ်။
အေစီမီလန် အတွက် ခြေစွမ်းပြ ကစားနေတဲ့ မာလစ်ခ် သီယော

တော့တင်ဟမ်ဟော့စပါးကတော့စပို့တင်းလစ္စဘွန်းကွင်းလယ်ခံစစ်ကစားသမားမော်တန်ဂျူးလ်မန်းကိုတော့အာဆင်နယ်၊ယူနိုက်တက်တို့နဲ့အပြိုင်ခေါ်ယူဖို့ကြိုးပမ်းဖွယ်ရှိနေပါတယ်။

ဘေယန်မြူးနစ်ကတော့၂၀၂၆ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမယ့်ဆာ့ဂျ်ဂနာဘရီကိုဆက်ထန်းထားဖို့ရည်ရွယ်ထားပါတယ်။ဖလော်ရီယန်ဝစ်ဇ်ကိုခေါ်ယူဖို့အတွက်တော့ရန်ပုံငွေလိုအပ်ချက်အရအာဆင်နယ်ပစ်မှတ်ကင်စလေကိုးမန်းကိုရောင်းချသွားမယ်လို့သိရပါတယ်။

ပပ်ဂွာဒီယိုလာကတော့အသင်းရဲ့ဗဟိုခံစစ်ကစားသမားလေးအက်ဘ်ဒူကိုဒီယာကူဆာနော့ဗ်ကိုလာမယ့်ရာသီမှာအငှားချသွားဖို့ဆန္ဒရှိနေပါတယ်။

စီးရီးအေကလပ်အေစီမီလန်ဗဟိုခံစစ်မှူးမလစ်ခ်သီယောကိုဥရောပတစ်ဝှမ်းမှာရှိတဲ့ကလပ်အသင်းပေါင်းများစွာကအလိုရှိနေတယ်လို့သိရပါတယ်။ဒီဂျာမနီကစားသမားကိုတော့အာဆင်နယ်၊နယူးကာဆယ်၊နော့တင်ဟမ်ဖောရက်စ်နဲ့တော့တင်ဟမ်ဟော့စပါးတို့အပြင်ဘေယန်မြူးနစ်နဲ့လေဗာကူဆင်တို့ကလည်းအလိုရှိနေပါတယ်။

အတ္တလန်တာကတော့အားကစားဒါရိုက်တာသစ်ဂျွန်မားတော့ဂျ်ရောက်ရှိလာခြင်းနဲ့အတူအသင်းမှာရှိတဲ့ကစားသမားတွေကိုပရီးမီးယားလိဂ်ဆီရောင်းချနိုင်ဖို့မျှော်လင့်နေပါတယ်။ကွင်းလယ်လူအီဒါဆင်ကိုတော့မန်ချက်စတာယူနိုက်တက်နဲ့မန်ချက်စတာစီးတီးတို့ကအပြိုင်အဆိုင်လိုချင်နေပြီးလစ်ဗာပူးလ်ကတော့အဒမ်မိုလာလွတ်ခ်မန်းကိုအလိုရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်