မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲ မှာတော့ ဆောက်သမ်တန်က လိဒ်စ်ယူနိုက်တက်ကို အမ်းစတောင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဆောက်သမ်တန်ဟာ တစ်ရာသီ အကြာမှာပဲ ပရီးမီးယားလိဂ်ကို တကျော့ပြန် တန်းတက်ခွင့်ရရှိသွားခဲ့ပါတယ်။
ဒီပွဲမတိုင်ခင် လိဒ်စ် ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ်မှာ နေ့ဝှစ်ချ်ကို ၄-၀ ရလဒ်နဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့သလို ဆောက်သမ်တန် ကလည်း ဝက်စ်ဘရွန်းကို ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဆီ တန်းတက်ခွင့်ရမယ့် အဆုံးအဖြတ် ပွဲစဉ် ဖြစ်သလို ကမ္ဘာပေါ်က ဆုကြေးငွေ အများဆုံး ဗိုလ်လုပွဲ ဖြစ်တာကြောင့် လိဒ်စ်ရော ဆောက်သမ်တန်ပါ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။
လိဒ်စ် ဘက်မှာ ဘမ်းဖို့ဒ်နဲ့ စတျောက်ခ် တို့ကလွဲလို့ လူစုံပါဝင်လာခဲ့ပြီး မက်စ်လေယာ၊ အမ်ပါဒူ၊ ရွန်ဒွန်၊ ဖီယာပို၊ ဂရေး၊ ကာမာရာ၊ ဂရူအပ်ဗ်၊ ရတ်တာ၊ ဂျီနွန်တို၊ ဆမ်းမားဗီးလ်၊ ပိုင်ရိုး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဆောက်သမ်တန် ဘက်မှာတော့ တိုက်စစ်မှာ အမ်းစတောင်း ဦးဆောင်လာခဲ့ပြီး ဖရေဆာ၊ ဘရွတ်ခ်၊ ဒိုးနက်စ်၊ စမောလ်ဘုန်း၊ အာရီဘို၊ ဘက်ဒ်နာရက်ခ်၊ စတီဖင်၊ ဟားဝုဒ် ဘဲလစ်၊ ဝေါလ်ကာ ပီတာစ်၊ မက်ကာသီတို့ ပွဲထွက်လာခဲ့ပါတယ်။
ဒီပွဲကို လိဒ်စ်ယူနိုက်တက် ပရိသတ်တွေ ဝင်ဘလေ ကွင်း အပြည့် လာရောက် အားပေးခဲ့ကြပြီး သူတို့ အသင်း ပရီးမီးယားလိဂ် ဆီ တန်းပြန်တက်နိုင်ဖို့ အစွမ်းကုန် အားပေးခဲ့ကြပါတယ်။ ပွဲချိန် အစောပိုင်းမှာ ရရှိတဲ့ ဖရီးကစ် ကနေ စမောလ်ဘုန်း တိုက်ရိုက် ကန်သွင်းခဲ့ပေမယ့် လိဒ်စ် ဂိုးသမား မက်စ်လေယာ ကာကွယ်နိုင်ခဲ့တာကြောင့် သက်သာရာရခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၂၄ မိနစ် အရောက်မှာတော့ စမောလ်ဘုန်းရဲ့ ဖန်တီးပေးမှုကို အမ်းစတောင်းက အဆုံးသတ် ကန်သွင်းသွားခဲ့တာကြောင့် ဆောက်သမ်တန်တို့ ဂိုးရခဲ့ပါတယ်။
အဲ့နောက် လိဒ်စ်တို့ ချေပဂိုး ရရှိရေး အတွက် အစွမ်းကုန် တိုက်စစ်ဖွင့်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် သွင်းဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဆမ်းမားဗီးလ်ရဲ့ ကန်ချက် ဂိုးတိုင်ဘေး ကနေ ကပ်ထွက်ခဲ့သလို ဒန်ဂျိမ်းစ်ရဲ့ ကန်ချက်ကလည်း ဘားတန်းထိ ထွက်ခဲ့လို့ လိဒ်စ်တို့ ကံဆိုးခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ဆောက်သမ်တန်ဟာ ဂိုးရသွားချိန်မှာ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ကစားနိုင်ခဲ့ပြီး ဂိုးသမား ဖြစ်တဲ့ မက်ကာသီလည်း အရေးပါတဲ့ ကာကွယ်မှု ပြုလုပ်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ လိဒ်စ်ယူနိုက်တက်တို့ ကျဉ်းမြောင်းတဲ့ ရလဒ် တစ်ခုနဲ့ ဆောက်သမ်တန်ကို အရှုံးပေးခဲ့ရပြီး ပရီးမီးယားလိဂ် ဆီ ပြန်လည် တက်လှမ်းခွင့်နဲ့ လွဲချော်သွားခဲ့ပါတယ်။
၂၀၂၃/၂၄ ဘောလုံး ရာသီ အပြီးမှာ လူတန်တောင်း၊ ဘန်လေနဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ တန်းဆင်းခဲ့ရပြီး လက်စတာစီးတီး၊ အစ်ပ်ဆွစ်ချ်နဲ့ ဆောက်သမ်တန် တို့ ကတော့ တန်းပြန် တက်လာခဲ့ပါတယ်။ လက်စတာစီးတီးနဲ့ ဆောက်သမ်တန် တို့ဟာ တစ်ရာသီ အကြာမှာပဲ တန်းပြန် တက်လာခဲ့တာ ဖြစ်ပြီး အစ်ပ်ဆွစ်ချ် ကတော့ နှစ်ပေါင်းများစွာ အကြာမှာ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.