မန်ချက်စတာစီးတီး – ဘရိုက်တန်
အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် မန်ချက်စတာစီးတီးနဲ့ ဘရိုက်တန်တို့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ဒါကြောင့် အခုပွဲနဲ့ ပတ်သတ်တဲ့ ပွဲကြို အချက်အလက် တချို့နဲ့ သုံးသပ်ချက်တွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့ …
ချန်ပီယံလိဂ်မှာ ကိုပင်ဟေဂင်နဲ့ သရေ၊ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်ကို ရှုံးပြီးနောက်မှာ မန်စီးတီးတို့ ကျိန်းသေပေါက် ပေါက်ကွဲပြပါလိမ့်မယ်။ အမှတ်ပေးဇယား မှာလည်း အာဆင်နယ်နဲ့ ၄ မှတ် ပြတ်သွားလို့ အမှီ ပြန်လိုက်ဖို့ လိုအပ်နေပြီး ဂိုးပေါက် ပြန်လည် ပျောက်ဆုံးနေတဲ့ အာလင်း ဟာလန်း လည်း သေချာပေါက် အားစိုက် ကစားမှာပါ။ တစ်ပွဲ ရှုံးပြီးရင် အသင်းကို သေချာပြန်ပြီးတော့ ဖွဲ့စည်း ပြင်ဆင်လေ့ရှိတဲ့ ဂွာဒီယိုလာရဲ့ အကျင့်ကြောင့် ဒီပွဲမှာ မန်စီးတီးကို ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ရမလဲ ဆိုတာ စောင့်ကြည့်ချင်စရာ ပါပဲ။ အားရစရာ အခြေအနေက လက်တလော စီးတီးတို့ အဓိက ကစားသမားတွေ အားလုံး ဒဏ်ရာ ပြသနာကင်းရှင်းနေတာ ဖြစ်ပါတယ်။
နည်းပြသစ် လက်ထက်မှာ ခြေစွမ်း ပြန်ကျလာတဲ့ ဘရိုက်တန်တို့ နောက်ထပ် ပွဲကျပ် တစ်ပွဲ ကစားရဦးမှာပါ။ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်နေပြီး နော့တင်ဟမ် ဖောရက်စ် ကိုတောင် အိမ်ကွင်းမှာ အနိုင်မရခဲ့တဲ့ ဘရိုက်တန် အတွက် အီတီဟတ်စ် ကတော့ ငရဲ ဖြစ်လာဖို့ သေချာသလောက်ပါပဲ။ ရာသီအစပိုင်းက မထင်မှတ်တာတွေကို လုပ်ပြနိုင်ခဲ့ပေမယ့် ပေါ်တာ မရှိတော့တဲ့ ဘရိုက်တန် အတွက် အီတီဟတ်မှာ အမြင့်ဆုံး မျှော်လင့်နိုင်တာက သရေ တစ်မှတ် အပြင် မပိုလောက်ပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း

မန်စီးတီး – အီဒါဆင်၊ ဝေါလ်ကာ၊ အာကန်ဂျီ၊ ဒီရာ့စ်၊ ကန်ဆယ်လို၊ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဖိုဒန်၊ ဟာလန်း၊ ဂရီးလစ်ရှ်
ဘရိုက်တန် – ဆန်းချက်ဇ်၊ ဗဲလ်မန်း၊ ဒန့်ခ်၊ ဝက်ဘ်စတား၊ မာ့ချ်၊ မက်ခ် အယ်လစ္စတာ၊ ကိုင်ဆီဒို၊ အက်စတူပီနန်၊ ထရော့ဆက်ဒ်၊ ဝဲလ်ဘက်ခ်၊ ဂရော့စ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ ဂိုးပေါ် ၄ ပွဲ အထိ ရှိခဲ့ပြီး မန်စီးတီးက ၄ ပွဲ နိုင်ကာ ဘရိုက်တန်က သူတို့ ကွင်းမှာ ၁ ကြိမ်ပဲ နိုင်ခဲ့ပါတယ်။ ဒီ ၅ ပွဲမှာဆို မန်စီးတီးက ၁၅ ဂိုး အထိရခဲ့လို့ ၁ ပွဲကို ပျမ်းမျှ ၃ ဂိုးလောက် သွင်းနိုင်ခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ ပြိုင်ပွဲစုံ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ပြီး ကြေးပါ ရှုံးနေတဲ့ မန်စီးတီးတို့ ပြန်လာသင့်တဲ့ အချိန်ပါပဲ။ ဘရိုက်တန်ရဲ့ အသင်းကြီးတွေကို ခံကန်အားက သတိထားစရာ ဆိုပေမယ့် လက်ရှိ ခြေစွမ်းအရရော၊ မန်စီးတီးရဲ့ ပေါက်ကွဲအားကြောင့်ရော ဘရိုက်တန်တို့ တော်တော်ကြီး
ခက်ခက်ခဲခဲ ကစားရဦးမှာပါ။
ဒီပွဲမှာ 1X2 ရဲ့ ပေးထားပုံအရ မန်စီးတီး နိုင်ရင်တောင် ၁.၂၅ ဆပဲ ရမှာပါ။ ဘရိုက်တန် ကိုတော့ ၁၀ ဆ အထိပေးထားပါတယ်။ Handicap မှာ မန်စီးတီးက ၂ လုံးသွင်းရင်တောင် ၅၀ ရှုံး ပေါက်နေပြီး ၂ လုံး သရေ ရှုံးလည်း ဖွင့်လှစ်ထားပါတယ်။ ဂိုးပေါင်းစျေး မှာတော့ ၃လုံး ၅၀ နိုင် ပေါက်နေပြီး ကြေးနည်းနည်းပျော့ပါတယ်။ မန်စီးတီးရဲ့ ၂ လုံး ပြားရှုံး ပေါက်ကြေးက ဒီရာသီမှာ ပုံမှန်လို ဖြစ်နေတာပါ။ ဒါကြောင့် ကြေးပြင်းတယ်လို့ အထူးတလည် မှတ်ယူလို့ မရပါဘူး။ ထိပ်တိုက်တွေ့ဆုံထားမှုတွေ အရလည်း မန်စီးတီးက ဂိုးပြတ်အနိုင်ယူထားတာ များလွန်းပါတယ်။ ဒီပွဲကတော့ မန်စီးတီးနဲ့ ဂိုးပေါင်း အပေါ်ကို တွဲရိုက်ရမှာပါ။ မန်စီးတီးကို တခြမ်းစောင်းနေကြမှာလည်း သေချာပါတယ်။ ဒါပေမယ့် မန်စီးတီး ကိုပဲ ယုံကြည်ရမှာပါ။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၄-၀ ဘရိုက်တန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.